ရေဖြူဒေသ၌ ကွမ်းသီးအခြောက်ခြမ်းစျေး လွန်ခဲ့သောငါးနှစ်ကထက်ဈေးကျမှုရှိ

ရေဖြူ ဖေဖော်ဝါရီ ၇

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊‌ ရေဖြူမြို့နယ်ရှိ ကျေးလက်နေတောင်သူများ ယခုနှစ်ရာသီတွင် ကွမ်းသီးအခြမ်းခြောက်ဈေးများ ယခင်နှစ်ကထက် ၂၀၀၀ ကျပ်ခန့်ဈေးကျကြောင်း ကွမ်းသီးခြံလုပ်ငန်းရှင်များထံမှ သိရသည်။

ကွမ်းသီးပင်စိုက်ပျိုးနေသည့်တောင်သူများ တစ်နှစ်ထက်တစ်နှစ် ပိုမိုစိုက်ပျိုးလာကြပြီး ယခုနှစ်တွင်အထွက်များ၍ ဈေးကျလျက်ရှိကြောင်း သိရသည်။ မနှစ်က ယခုအချိန် ကွမ်းသီး အခြမ်းခြောက်တစ်ပိဿာ ၅၈၀၀ ကျပ်ခန့်ရရှိနေပြီး ယခုနှစ်‌ ဖေဖော်ဝါရီလတွင် ၃၈၀၀၀ ကျပ်အထိကျဆင်းနေသေးကြောင်း သိရသည်။

ရေဖြူမြို့နယ်အတွင်းရှိ ကျေးရွာများဖြစ်သည့် ဧကနိ၊ ရငဲ၊ ဝန်ဖို့၊ ကျောက်္ကညာ၊ ညင်းထွေး၊ တလိုင်းယာ စသည့်ကျေးရွာများရှိ တောင်သူများသည် ကွမ်းသီးပင်စိုက်ပျိုးခြင်းဖြင့် အသက်မွေးကြပြီးယခုနှစ်တွင် အထွက်နှုန်းများရှိကြသည်။ ခြံရှင်များအနေဖြင့် ယခုထက်ပိုဈေးရလိုသော်လည်း ပေါက်ဈေးဖြင့်သာရောင်းချကြပြီး ဈေးတက်ရန်မျှော်လင့်နေကြကြောင်း သိရသည်။ ယခုအချိန်တွင်ရရှိနေသောဈေးသည် ယခင် ၂၀၁၈ ခုနှစ်က ပေါက်ဈေးထက်ပင်နိမ့်ကျနေသေးကြောင်း သိရသည်။

ခတ္တာ