ဒေးဒရဲ ဖေဖော်ဝါရီ ၇
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန ကြီးကြပ်မှုဖြင့် ဒေးဒရဲမူလတန်းကြိုကျောင်း၌ ကလေးငယ်များ ကိုယ်ခန္ဓာဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ မြန်မာနိုင်ငံကလေးများနေ့ အထိမ်းအမှတ် ကျောင်းတွင်းကာယ၊ ဥာဏစွမ်းရည်ပြိုင်ပွဲနှင့် ဆုပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်(၉)နာရီက ဒေးဒရဲမူလတန်းကြိုကျောင်း၌ ကျင်းပရာ ဖျာပုံခရိုင် လူမှုဝန်ထမ်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးအေးကျော်နှင့် ဝန်ထမ်းများ၊ မြို့နယ်ဌာနဆိုင်ရာများ၊ ကျောင်သား၊ ကျောင်းသူများနှင့် မိဘများ တက်ရောက်ခဲ့သည်။
အခမ်းအနားတွင် ဖျာပုံခရိုင် လူမှုဝန်ထမ်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှုး ဦးအေးကျော်က ပြိုင်ပွဲများ ပြုလုပ်ပေးရခြင်း ရည်ရွယ်ချက်များကို ဆွေးနွေးဟောပြောခဲ့သည်။ ဆက်လက်၍ ကျောင်းတွင်းကာယစွမ်းရည်ပြိုင်ပွဲများကို ကျင်းပခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက ပင်ပေါင်သယ်၊ အာလူးကောက်၊ မုန့်စား၊ ခေါင်းအုံးရွက်၊ အပြေးပြိုင်ပွဲစသည့် အားကစားနည်းများနှင့် ဥာဏစွမ်းရည်ပြိုင်ပွဲများဖြစ်သည့် ကဗျာ၊ သီချင်း၊ ပုံပြင်၊ ဆေးရောင်ခြယ်ပြိုင်များကို ကျင်းပပြုလုပ်ခဲ့သည်။
ပြိုင်ပွဲအပြီးတွင် ဆုရရှိသူများကို ဖျာပုံခရိုင် လူမှုဝန်ထမ်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှုး ဦးအေးကျော်၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်နီနီမြင့်နှင့် တာဝန်ရှိသူများကဆုများ အသီးသီး ပေးအပ်ခဲ့ပြီး ကလေးငယ်များ ကိုယ်ခန္ဓာဖွံ့ဖြိုးတိုးတက်စေရေး နို့ဆန်ပြုတ်နှင့် ပေါင်မုန့်များ တိုက်ကျွေးခဲ့ကြောင်း သိရသည်။
အေဇာလင်း