ကမမောင်းမြို့၌ ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ "အိုမီခရွန်ရောဂါ" ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်
Jul 26,2022
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်းအိုမီခရွန်ရောဂါ ကူးစက်ပြန့်ပွားမှုကို ကြိုတင်ကာကွယ်တားဆီးနိုင်ရေးအတွက် အသိပညာပေး နှိုးဆော်ခြင်း များကို ပြည်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ဝန်ထမ်းများက နေ့စဉ်အသိပေးနှိုးဆော်ပေးခြင်းကို ယနေ့နံနက် (၉) နာရီအချိန်က ရပ်ကွက်များအတွင်း လှည့်လည်အသိပေးနှိုးဆော်ခဲ့သည်။