သတင်းများ

တောင်ဥက္ကလာပမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Feb 07,2023
ရန်ကုန်တိုင်း​ဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊​ တောင်ဥက္ကလာပမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်း အစည်းအ​ဝေးကို ယ​မန်နေ့ နံနက်(၁၁)အချိန်က မြို့နယ်အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန အစည်းအ​ဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့​ကြောင်း သိရသည်။
စဉ့်ကိုင်မြို့နယ်တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို ပြိုင်ပွဲများ ကျင်းပ
Feb 07,2023
မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ဖတ်မှတ်ပြန်ပြောပြိုင်ပွဲများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနလူထုအခြပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့မွန်းလွဲ(၁)နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။။
(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ဘားအံ-ကြာအင်းလမ်း ကတ္တရာ ကွန်ကရစ်လမ်းဖွင့်လှစ်
Feb 07,2023
(၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ကရင်ပြည်နယ်လမ်းဦးစီးဌာန၏ ၂၀၂၂- ၂၀၂၃ ခု ဘဏ္ဍာနှစ်ပြည်နယ်အစိုးရ ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်သော ဘားအံ-ကြာအင်း ကတ္တရာကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို ယနေ့နံနက် ၈ နာရီခန့်က Zwekapin Valley Resort ရှေ့ရှိ အဆိုပါလမ်းမုခ်ဦးတည်နေရာ၌ ကျင်းပခဲ့သည်။
ကယားပြည်နယ် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပပြုလုပ်
Feb 07,2023
ကယားပြည်နယ် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ကယားပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပြုလုပ်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်နှင့် ကယားပြည်နယ် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီအဖွဲ့ဝင်များတက်ရောက်ခဲ့ကြသည်။
ငါန်းဇွန်မြို့၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် စကားပုံဆက်၊ စာစီစာကုံး၊ ကာတွန်/ပန်းချီနှင့် ကဗျာရေးစပ် ပြိုင်ပွဲများ ကျင်းပ
Feb 07,2023
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ ယနေ့ နံနက် ၁၀ နာရီအချိန်က (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ငါန်းဇွန်မြို့ အခြေခံပညာအထက်တန်းကျောင်းနှင့် ပူးပေါင်း၍ ကျောင်းသားကျောင်းသူများအား အသိပညာ ဗဟုသုတ တိုးပွားစေရန်အတွက် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် စကားပုံဆက်၊ စာစီစာကုံး၊ ကာတွန်း/ပန်းချီရေးဆွဲနှင့် ကဗျာရေးစပ်ပြိုင်ပွဲများကျင်းပကြောင်း သိရသည်။
ပခုက္ကူတက္ကသိုလ်၌ (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် ဉာဏစွမ်းရည်ပြိုင်ပွဲများကျင်းပ
Feb 07,2023
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ပခုက္ကူတက္ကသိုလ်၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် တက္ကသိုလ်အဆင့် ဆောင်းပါး၊ ပန်းချီ၊ ကဗျာ၊ စာစီစာကုံးနှင့် ကျပန်းစကားပြောစသည့် ဉာဏစွမ်းရည်ပြိုင်ပွဲများက ယနေ့နံနက်ပိုင်းက အဆိုပါတက္ကသိုလ်၊ Theatre (M-306) ခန်းမတွင် ကျင်းပသည်။
မုဒုံမြို့နယ်တွင် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာဥပဒေ အသိပညာပေးဟောပြောပွဲပြုလုပ်
Feb 07,2023
မွန်ပြည်နယ်၊ မုဒုံမြို့နယ် အမှတ်(၃)အ​ခြေခံပညာအထက်တန်းကျောင်း ရွှေသံလွင်ခန်းမ၌ ယနေ့ နံနက် ၁၀ နာရီခန့်က ကလေးသူငယ် အခွင့်အရေးများ ဆိုင်ရာဥပဒေ အသိပညာပေးဟောပြောပွဲ ပြုလုပ်သည်။
ကလိန်အောင်မြို့တွင် ခရမ်းသီးအပင်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း၍ မိသားစုဝင်ငွေတိုး
Feb 07,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့တွင် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်လျက်ရှိပြီး တောင်သူများအနေဖြင့် ရာသီအလိုက် သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိကာ ကလိန်အောင်မြို့တွင် ခရမ်းသီးအပင်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း၍ မိသားစုနေ့စဉ်ခူးဆွတ်ရောင်းချရသောကြောင့် ဝင်ငွေရရှိကာ မိသားစုစားဝတ်နေရေးအဆင်ပြေလျက်ရှိကြောင်း သိရှိရသည်။