စာဖတ်ရှိန်မြှင့်တင်ရေး၊ စာပေချစ်သူများ တိုးတက်လာရေးအတွက် ဌာနဆိုင်ရာရုံးများသို့ စာအုပ်၊ စာစောင် သွားရောက်ငှားရမ်းခြင်းများဆောင်ရွက်

မိုင်းနောင် ဇန်နဝါရီ ၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးဝန်ထမ်းများသည် စာဖတ်ရှိန်မြှင့်တင်ရေး၊ စာပေချစ်သူများတိုးတက်လာရေးအတွက် အထွေထွေအုပ်ရေးဦးစီးဌာနရုံးသို့ စာအုပ်၊ စာစောင်များကို ယနေ့ နံနက်(၁၀)နာရီအချိန်က သွားရောက်ငှားရမ်းပေးခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးစာကြည့်တိုက်သို့ လာရောက်ငှားရမ်းနိုင်ခြင်းမရှိသော ဌာနဆိုင်ရာရုံးဝန်ထမ်းများ စာအုပ်၊ စာပေများ အလွယ်တကူ လေ့လာဖတ်ရှုနိုင်ရေး၊ ပြင်ပဗဟုသုတများရရှိစေရေးနှင့် အားလပ်ချိန်တွင် စာအုပ် စာစောင်များဖတ်ရှု၍ စိတ်အပန်းဖြေနိုင်ရေး၊ စာဖတ်ရှိန်မြှင့်မားရေးတို့အတွက် စီစဥ်ဆောင်ရွက် ပေးကြောင်း သိရသည်။

စာသင်ကျောင်းများ၊ ဘုန်းတော်ကြီးကျောင်းများ၊ ဌာနဆိုင်ရာရုံးများနှင့် စျေးဆိုင်များသို့  စာအုပ်၊ စာစောင်များ သွားရောက်ငှားရမ်းပေးခြင်းကို တစ်လလျှင်နှစ်ကြိမ် ဝန်ဆောင်မှုပေးလျက်ရှိရာ ယခုလတွင်ထွေ/အုပ်ရုံးနှင့် မြေစာရင်းရုံးသို့ သွားရောက်ငှားရမ်းပေးလျက်ရှိ ကြောင်း သိရသည်။

မနန်း(မိုင်းနောင်)