မိုင်းစံ ဖေဖော်ဝါရီ ၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းစံမြို့တွင် (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲကို ယနေ့ နံနက်(၉)နာရီအချိန်က မိုင်းစံမြို့ အ.ထ.က ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
ရှေးဦးစွာ အ.ထ.က ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်မော်မှ ပြည်ထောင်စုနေ့အကြောင်း အရာများဟောပြောခဲ့သည်၊၊ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်ကေသွယ်စိုး စာကြည့်တိုက်လက်ထောက်-၃(အင်အားပြ)မှ ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံ၊ ပင်လုံ စာချုပ်လက်မှတ်ရေးထိုးရာတွင် ပါဝင်ခဲ့ကြသော တိုင်းရင်းသားခေါင်းဆောင်များ၊ ပြည်ထောင်စုနေ့ အမျိုးသားရေးဦးတည်ချက်များ၊ ပြည်ထောင်စုဖွားတိုင်းရင်းသားအားလုံးမှ မိမိတို့ပြည်ထောင် စုကြီးကို ထားသိမ်းသင့်ကြောင်း စသည့်အကြောင်းရာများကို ဟောပြောခဲ့သည်၊၊
ထို့နောက် ပြိုင်ပွဲဝင်များက ပြည်ထောင်စုနေ့အထိမ်းအမှတ်ကို ဂုဏ်ပြုသော ကဗျာများ၊ ပုံပြင်များဖြင့် ပါဝင်ယှဉ်ပြိုင်ကြရာ ပြိုင်ပွဲဝင်များဖြစ်ကြသော G-4 မှ နန်းယုမ့်လင်ခမ်းက ''ပြည်ထောင်စုနေ့'' ကဗျာဖြင့်လည်းကောင်း၊ မောင်သားအောင်က "ပြည်ထောင်စုပန်းဥယျာဥ်" ကဗျာဖြင့် လည်းကောင်း၊ မသင်းရနံ့လှိုင်မှ "ချစ်ခင်စည်းလုံးညီညီညွတ်ညွတ်နေကြမယ်" ပုံပြင်ဖြင့်လည်းကောင်း အသီးသီး ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများအား ဆုများချီးမြှင့်ခဲ့ကြောင်း သိရပါသည်။
မိုင်းစံ(ပြန်/ဆက်)