မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တက္ကသိုလ်၊ ဒီဂရီ၊ ကောလိပ်၊ သိပ္ပံကျောင်းများမှ ပါမောက္ခချုပ်၊ ကျောင်းအုပ်ကြီးများ၊ ဗဟိုအဆင့်ဆေးရုံအုပ်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ၊ မြို့နယ်စီမံအုပ်ချုပ်

ချမ်းအေးသာစံ ဖေဖော်ဝါရီ ၇

မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တက္ကသိုလ်၊ ဒီဂရီ၊ ကောလိပ်၊ သိပ္ပံကျောင်းများမှ ပါမောက္ခချုပ်၊ ကျောင်းအုပ်ကြီးများ၊ ဗဟိုအဆင့်ဆေးရုံအုပ်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများတွေ့ဆုံပွဲကို ယနေ့နံနက် ၁၀နာရီကမန္တလေး ချမ်းအေးသာစံမြို့နယ်၊ ၂၆လမ်းနှင့် ၂၇ လမ်းကြား၊ ၇၁ လမ်းရှိ မြို့တော်ခန်းမတွင် ကျင်းပသည်။

တွေ့ဆုံပွဲတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်မှ အဖွင့်အမှာစကားအဖြစ် နိုင်ငံတော်စီမံအုပ်ချုပ်​ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်မှာကြားချက်များ၊ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ စိုက်ပျိုးရေး၊ လျှပ်စစ်ဓာတ်အားရရှိမှုအခြေအနေနှင့် ဓာတ်အားရရှိ ရေးဆောင်ရွက်ချက်များ၊ မွေးမြူရေးလုပ်ငန်းဖွံဖြိုးတိုးတက်ရေး၊ ဆည်မြောင်းနှင့်စိုက်ပျိုးရေပေးဝေရေး၊ စည်ပင်သာယာရေးဆိုင်ရာကိစ္စရပ်များ၊ ဘဏ္ဍာရေး၊ သယံဇာတ၊ ပညာရေးမြှင့်တင်ဆောင်ရွက်မှု၊ ကျန်းမာရေး၊အားကစား၊ လမ်းပန်းဆက်သွယ်ရေး၊ ပို့ဆောင်ရေးကဏ္ဍ၊ ရုံးစီမံရေးရာကိစ္စရပ်များအား အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာကြသူများမှ တစ်ဦးချင်းမိတ်ဆက်စကားနှင့် လုပ်ငန်းလိုအပ်ချက်များတင်ပြခဲ့ရာ တင်ပြချက်များအပေါ် ဝန်ကြီးချုပ်မှသက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း၊ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးများမှ သက်ဆိုင်ရာဝန်ကြီးဌာန အလိုက် လက်ရှိဆောင်ရွက်ချက်များအား ရှင်းလင်းတင်ပြခဲ့ပြီးဝန်ကြီးချုပ်မှ နိဂုံးချုပ်စကားပြောကြား၍ တွေ့ဆုံပွဲပြီးစီးကာ တက်ရောက်လာကြသူများအားနေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့သည်။

အဆိုပါ တွေ့ဆုံပွဲအခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊တိုင်းဒေသကြီးတရားသူကြီးချုပ် ဒေါ်ခင်သင်းဝေ၊ စည်ပင်သာယာရေးဝန်ကြီး ဦးကျော်ဆန်း၊ စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးချုပ်စိန်လွင်၊ လူမှုရေးဝန် ကြီးဦးယဉ်ထွေး၊ တိုင်းဒေသကြီးဥပဒေချုပ် ဦးမြင့်အောင်၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့အတွင်းရေးမှူး ဦးမြင့်လွင်၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တက္ကသိုလ်၊ ဒီဂရီ၊ ကောလိပ်၊ သိပ္ပံကျောင်းများမှ ပါမောက္ခချုပ်၊ ကျောင်းအုပ်ကြီးများ၊ ဗဟိုအဆင့်ဆေးရုံအုပ်ကြီးများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌများ၊တက်ရောက်ခဲ့​ကြကြောင်း သိရသည်။

တင်ဇာလှိုင်