ချောက် ဖေဖော်ဝါရီ ၇
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ပညာရေးမှူးရုံး၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်း အမှတ်အကြို အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ (၂) နာရီ အချိန်ကအမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ဂီတခန်းမတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပညာရေးမှူး ဒေါ်ခင်လေးဖြူက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်သိမ့်ဝါ၊ မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဇော်လင်းအောင်၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ကျော့မေခိုင်နှင့် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ခင်ချိုချိုဝင်းတို့က ပြည်ထောင်စုစိတ်ဓာတ်နှင့် ပြည်ထောင်စုနေ့အကြောင်း သိကောင်းစရာများကိုလည်းကောင်း ပြည်ထောင်စုနေ့နှင့် တိုင်းရင်းသားစည်းလုံးညီညွတ်မှုအကြောင်းကိုလည်းကောင်း၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်းအကြောင်းကိုလည်းကောင်း၊ လူငယ်နှင့်အား ကစားအကြောင်းကိုလည်းကောင်း အသီးသီးဟောပြောခဲ့ကြကြောင်း သိရသည်။
ကျော်မိုး