စဉ့်ကိုင်မြို့နယ်တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို ပြိုင်ပွဲများ ကျင်းပ

စဉ့်ကိုင် ဖေဖော်ဝါရီ  ၇

မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ဖတ်မှတ်ပြန်ပြောပြိုင်ပွဲများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနလူထုအခြပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့မွန်းလွဲ(၁)နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းသန်းက ကျောင်းသား /ကျောင်းသူ၊ လူငယ်လူရွယ်လေးများ ကာယ၊  ဉာဏစွမ်းရည်ဖွံ့ဖြိုး တိုးတက်စေရန်၊ ဉာဏ်ရည် ဉာဏ်သွေး ထက်မြက်စေရန်၊ စာအုပ်စာပေများကို  မှန်ကန်စွာဖတ်တတ်စေရန်၊ စိတ်ကူးစိတ်သန်း အတွေးအခေါ် မြင့်မားစေရန်၊ စာကြည့်တိုက်ကို အသုံးချတတ်စေရန်၊ စာပေမှ အသိပညာ ဗဟုသုတများ တိုးပွားရရှိစေရန် ရည်ရွယ်၍ ပြိုင်ပွဲများကို ကျင်းပပြုလုပ်ပေးရခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ဒုတိယဦးစီးမှူး ဒေါ်စန္ဒာအေးအောင်က ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများကို ပြောကြားခဲ့ပြီး (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြိုအဖြစ်    အလယ်တန်း အဆင့်     ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့်  ဖတ်မှတ်ပြန်ပြောပြိုင်ပွဲများကို  ကျောင်းသား/ ကျောင်းသူ(၂၀)ဦးတို့က  ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

ကျော့မူယာမောင်(ပြန်/ဆက်)