ငါန်းဇွန် ဖေဖော်ဝါရီ ၇
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ ယနေ့ နံနက် ၁၀ နာရီအချိန်က (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ငါန်းဇွန်မြို့ အခြေခံပညာအထက်တန်းကျောင်းနှင့် ပူးပေါင်း၍ ကျောင်းသားကျောင်းသူများအား အသိပညာ ဗဟုသုတ တိုးပွားစေရန်အတွက် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် စကားပုံဆက်၊ စာစီစာကုံး၊ ကာတွန်း/ပန်းချီရေးဆွဲနှင့် ကဗျာရေးစပ်ပြိုင်ပွဲများကျင်းပကြောင်း သိရသည်။
ထိုသို့ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ပြိုင်ပွဲများကို လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပရာ စကားပုံဆက်၊ စာစီစာကုံး၊ ကာတွန်း/ပန်းချီရေးဆွဲ၊ ကဗျာရေးစပ်နှင့် စကားပုံဆက်ပြိုင်ပွဲများတွင် ငါန်းဇွန်မြို့ အခြေခံပညာအထက်တန်းကျောင်းမှ အလယ်တန်း၊ အထက်တန်းအဆင့် ကျောင်းသားကျောင်းသူများ ပါဝင်ယှဉ်ပြိုင်ကြပြီး ဆုရကျောင်းသား/သူများကို ဖေဖော်ဝါရီ ၈ ရက်နေ့တွင် ဆုများ ချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
သက်နောင်ဦး(ငါန်းဇွန်)