တောင်ဥက္ကလာပမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

တောင်ဥက္ကလာပ ဖေဖော်ဝါရီ ၇

ရန်ကုန်တိုင်း​ဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊​ တောင်ဥက္ကလာပမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်း အစည်းအ​ဝေးကို ယ​မန်နေ့ နံနက်(၁၁)အချိန်က မြို့နယ်အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန အစည်းအ​ဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့​ကြောင်း သိရသည်။

အစည်းအ​ဝေးတွင် ​ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ ဦး​အောင်မြတ်မိုးက အဖွင့်အမှာစကားပြောကြားရာ  မြို့နယ်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများတွင် ဌာနဆိုင်ရာများမှ ပူးပေါင်းပါဝင်​ ဆောင်ရွက်​ပေးကြရန်၊ လုံခြုံ​ရေးအသိ၊ လုံခြုံ​ရေးသတိအမြဲရှိကြရန်၊​ လုပ်ငန်းများ ဆောင်ရွက်ရာတွင် အခက်အခဲများရှိပါက အချိန်နှင့်တစ်​ပြေးညီတင်ပြရန်စသည်ဖြင့် အကြံပြုမှာကြားခဲ့ပါသည်။        

ဆက်လက်၍ မြို့နယ်ရဲတပ်ဖွဲ့မှူး ဦးစိုးညွှန့်ဦးမှ နယ်မြေဒေသအတွင်း လုံခြုံရေးနှင့် ပတ်သက်သည့်သတိပြုနိုင် ရန်များရှင်းလင်းဆွေးနွေးခဲ့ပြီး မြို့နယ်ပညာရေးမှူးမှလည်း ‌အခြေခံပညာဦးစီးဌာနအနေဖြင့် ကျောင်းသား၊ ကျောင်းသူများ မကြာမီစာမေးပွဲများ ကျင်းပပြုလုပ်တော့မည် ဖြစ်၍ လုံခြုံရေးလုပ်ငန်းများနှင့် လိုအပ်သည်များ ပူးပေါင်းဆောင်ရွက်ပေးရန် ရှင်းလင်း​ပြောကြားခဲ့ပါသည်။ ထို့​နောက် တက်​ရောက် လာကြ​သော ဌာနဆိုင်ရာများမှ ဆောင်ရွက်နေသည့် လုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်များကို  ရှင်းလင်း​ဆွေး​နွေးခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌမှ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးခဲ့ပါသည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအ​ဝေးသို့ မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်မိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အသီးသီးမှ တာဝန်ရှိသူများ  စုံညီစွာတက်​ရောက်ခဲ့​ကြောင်း သတင်းရသည်။

ခင်ဆွေနှင်း(ပြန်/ဆက်)