ညောင်ဦးမြို့နယ်တွင် အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အကြိမ်ပြည့် ထပ်ဆောင်းထိုးနှံ

ညောင်ဦး ဖေဖော်ဝါရီ  ၈

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ညောင်ဦးမြို့နယ်တွင် ယနေ့နံနက် ၉နာရီ အချိန်မှ စတင်ကာ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံပြီးသော အသက် ၅ နှစ်မှ ၁၂ နှစ်အတွင်းရှိ အခြေခံပညာ ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများကို ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံခြင်းများ ထိုးနှံပေးနေကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်ချက်ဖြင့် အခြခံပညာဦးစီးဌာနနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီး ဌာနတို့ပူးပေါင်း၍ ညောင်ဦးမြို့နယ်အတွင်းရှိ ကျောင်းပေါင်း(၂၀၉)ကျောင်း ၊ကျောင်း သား၊ကျောင်းသူပေါင်း (၁၉၀၀၀)ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထပ်ဆောင်း ထိုးနှံပေးသွားမည်ဖြစ်ကြောင်း၊ ယနေ့ ဖေဖော်ဝါရီ (၆)ရက်နေ့ထိ (၄၅၈၃)ဦး ထိုးပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ဒီပါလင်း