မြောင်းမြ ဖေဖော်ဝါရီ ၈
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ပြည်ထောင်စုနေ့ အထိမ်းအမှတ်(အကြို)အဖြစ် ကလေးများ အသိပညာဗဟုသုတ ကြွယ်ဝစေရန် ရည်ရွယ်၍ ပြည်ထောင်စုနေ့အကြောင်း ဟောပြောပွဲကို ယနေ့နံနက် (၁၀:၀၀) က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဟောပြောပွဲတွင် ဦးစီးအရာရှိ ဒေါ်ခင်ဝေဝေမြင့်က ပြည်ထောင်စုနေ့နှင့် ပတ်သက်သည့် စစ်မှန်သော မျိုးချစ်စိတ်ဓာတ်၊ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ဦးတည်ချက်များအား ရှင်းလင်း ဟောပြောခဲ့သည်။ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ကျောင်းသား၊ ကျောင်းသူ၊ ပြည်သူများ စာအုပ်စာပေ ချစ်မြတ်နိုးတတ်လာစေရန်၊ စာဖက်ရှိန်မြင့်မားလာစေရန်၊ အသိပညာဗဟုသုတ တိုးပွားလာစေရန်နှင့် ဉာဏ်ရည်ဉာဏ်သွေး တိုးတတ်လာစေရန် ရည်ရွယ်၍ ပြပွဲ၊ ပြိုင်ပွဲ၊ ဟောပြောပွဲ၊ စာဖက်ဝိုင်းများ၊ နယ်လှည့်စာငှားခြင်းတို့ကို ပြုလုပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြောင်းမြခရိုင်(ပြန်/ဆက်)