ကျိုင်းတုံ ဖေဖော်ဝါရီ ၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ လူငယ်နှင့်ဂိမ်းအန္တရာယ် အသိပညာပေး Talk Show ကို ယမန်နေ့မွန်းလွဲ ၁ နာရီခွဲက ကျိုင်းတုံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ခဲ့သည်။
Talk Show ဆွေးနွေးရာတွင် ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်သန္တာထွေးနှင့် ခရိုင်ပြည်သူ့စာကြည့်တိုက်မှ စာကြည့်တိုက်လက်ထောက်-၃ ဒေါ်သီသီဝင်း တို့က ၂၁ ရာစု နည်းပညာများ တိုးတက်လာသည်နှင့်အမျှ ကွန်ပျူတာဂိမ်း၊ မိုဘင်းဖုန်းဂိမ်း၊ ဗွီဒီယိုဂိမ်း တို့သည်လည်း တစ်ခုအပါအဝင်ဖြစ်၍ ဘယ်အရာမဆို တော်သင့်ရုံသာ ကောင်းသည့်နည်းတူ ဂိမ်းများကို တရားလွန်စိတ်စွဲကာဆော့ကစားခြင်းကြောင့် မိမိတို့ လူမှုဘဝထိခိုက်ကြရသူများ လာပါကြောင်း၊ ကျောင်းနေအရွယ်ကလေးများ ပညာရေးထိခိုက်နိုင်ပါကြောင်း၊ ဂိမ်းနှင့်ပတ်သက်၍ မိဘများသတိပြုရမည့် အချက်များကို ဆွေးနွေးခဲ့ကြသည်။
အဆိုပါ Talk Show ပွဲ အစီအစဉ် အပြည့်အစုံကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရန် We Love Kyaing Tong Facebook Page တွင် ထုတ်လွှင့်တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)