နမ့်ခမ်း ဖေဖော်ဝါရီ ၁၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် နိုင်ငံတော်အစိုးရ၏ မူဝါဒများ၊ နိုင်ငံတော်အကြီးအကဲများ၏ လုပ်ငန်းဆောင် ရွက်ချက်များ၊ ထူးခြားဖြစ်စဉ်များ၊ အသိပညာပေးအကြောင်းအရာများကို ပြည်သူများ ကြည့်ရှု လေ့လာသိရှိနိုင်စေရန် ရည်ရွယ်၍ ရုံးရှေ့မြေစိုက်နံရံကပ်ပြဘုတ်တွင် ယမန်နေ့နံနက်ပိုင်းက (၇၅) နှစ်မြောက် မြန်မာ-ရှရှားသံတမန်ထူထောင်မှု အထိမ်းအမှတ် မှတ်တမ်းဓာတ်ပုံများပြသခြင်း ဆောင်ရွက်ကြောင်း သိရသည်။
အဆိုပါ မြေစိုက်နံရံကပ်ပြဘုတ်တွင်(၁၈.၂.၂၀၂၃)ရက်နေ့တွင်ကျရောက်မည့် (၇၅)နှစ်မြောက် မြန်မာ-ရုရှား သံတမန်ဆက်ဆံရေး ထူထောင်မှုအထိမ်းအမှတ် မှတ်တမ်းဓာတ်ပုံများ၊ နှစ်နိုင်ငံ အကြီးအကဲများတွေ့ဆုံမှု မှတ်တမ်းဓာတ်ပုံများကို ပြည်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရန် ပြသဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
နမ့်ခမ်း (ပြန်/ဆက်)