မိုင်းတုံမြို့နယ်၊ အမကဝမ်နားစာသင်ကျောင်း၌ စာပေစကားဝိုင်းကျင်းပ

မိုင်းတုံ ဖေဖော်ဝါရီ ၁၇

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ အ.မ.က ဝမ်နားစာသင်ကျောင်းတွင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ ပညာရေးနှင့် မြို့နယ်လူမှုဝန်ထမ်းဌာနတို့ပူးပေါင်း၍ ယမန်နေ့နံနက် ပိုင်းအချိန်က စာပေစကားဝိုင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ စာပေစကားဝိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းခိုင်မှ စာပေစကားဝိုင်း ပြုလုပ်ပေးရခြင်း၏ရည်ရွယ်ချက်၊  မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဝင်းဝင်းက လူငယ်တို့၏တန်ဖိုး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အ.မ.က ဝမ်နားကျောင်းအုပ်ဆရာမကြီး ဒေါ်စိုးစိုးမော်က လူငယ်တို့၏ အနာဂတ်ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်လူမှုဝန်ထမ်းဌာနမှ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ထွေးမှ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ခေါင်းစဉ်တို့ဖြင့် အသီးသီးဆွေးနွေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူများမှ နားမလည်သည်များကို ပြန်လည်မေးမြန်းခဲ့ရာ မေးမြန်းချက်အပေါ် သက်ဆိုင်သူက ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။

ဝင်းဝင်းခိုင်(မိုင်းတုံ၊ပြန်/ဆက်)