ညောင်လေးပင်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ လူငယ်များ အသိပညာဗဟုသုတ ပိုမိုတိုးတက်မြှင့်မားလာစေရန် ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ

ညောင်လေးပင် ဖေဖော်ဝါရီ ၁၇


ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် လူငယ်များ အသိပညာဗဟုသုတ ပိုမိုတိုးတက်မြှင့်မားလာစေရန်ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့ နံနက်(၁၀)နာရီအချိန်က လူထူအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နီနီဝင်းမှ ဟောပြောပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး လူငယ်များအနေဖြင့် သိသင့်သိထိုက်သောအကြောင်းအရာများ၊ ဆောင်ရန်၊ ရှောင်ရန်များအား အသိပညာပေးဟောပြောခဲ့ရာ တက်ရောက်လာသော လူငယ်များမှ သိရှိလိုသည်များအား ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူအခြေပြုအသိပညာပေးလုပ်ငန်းများဖြစ်သည့် ဟောပြောပွဲ၊ စာဖတ်ဝိုင်း Tallk Show ပြပွဲ၊ ပြိုင်ပွဲများအား လစဥ်ကျင်းပပြုလုပ်လျက်ရှိရာ နောက်လများတွင်လည်း အလားတူ အသိပညာပေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ် ပြန်/ ဆက်