မက်မန်း ဖေဖော်ဝါရီ ၁၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)”ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျောင်းသားလူငယ်များအနေဖြင့် ဝိုင်းဖွဲ့ဆွေးနွေးအဖြေရှာတတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရေး၊ လူငယ်မောင်မယ်များ၏ အတွေးအေခါ် ဗဟုသုတများတိုးပွားရေး၊ ကျန်းမာကြံ့ခိုင်စေရန် ရည်ရွယ်၍ လူငယ်နှင့်ဘက်စုံစကားဝိုင်းကို ယမန်နေ့၊ မွန်းလွဲပိုင်းအချိန်က ကျင်းပခဲ့သည်။
ထိုသို့ကျင်းပရာတွင် မက်မန်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်ဥမ္မာချို (လက်ထောက်ညွှန်ကြားရေးမှူး)က လူငယ်ဘက်စုံစကားဝိုင်း ကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် လူငယ်ဘက်စုံစကားဝိုင်းသို့ တက်ရောက်လာသော မနာစီမွှေးက လူငယ်များအနေဖြင့် စာပေဗဟုသုတများကို စဉ်ဆက်မပြတ် လေ့လာဖတ်ရှု့သင့်ကြောင်း၊ လူတိုင်း လက်ဝယ်တွင် လက်ကိုင်ဖုန်းများရှိနေသည့်အတွက် စာဖတ်သည့်အလေ့အထများ လျော့နည်းလာ ကြောင်း၊ (၁၉)ရာစုခေတ်နှောင်းပိုင်းတွင် လူများအနေဖြင့် စာပေများကို မြတ်နိုးစွာဖတ်ရှုခဲ့ကြကြောင်း ဆွေးနွေးသည်။ ဆက်လက်၍ မနာခူးရှဲက ယနေ့လူငယ်များသည် ကျန်းမာရေးလိုက်စားမှုများတွင် စိတ်ပါဝင်စားမှုအားနည်းကြောင်း၊ လူငယ်များ၏ ပါဝင်မှု အခန်းကဏ္ဍများသည် အားနည်းပါကြောင်း၊ လူငယ်များအနေဖြင့် ပညာရပ်တစ်ခုခုကို အမြဲမပြတ်လေ့လာဆည်းပူးသင့်ကြောင်း၊ နိုင်ငံတကာရှိ လူငယ်များ၏ ကြိုးစားမှုများကို အတုယူလိုက်နာသင့်ကြောင်း ဆွေးနွေးခဲ့သည်။
အဆိုပါ လူငယ်ဘက်စုံစကားဝိုင်းဆွေးနွေးပွဲသို့ မက်မန်းမြို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ(၃၀)ဦး၊ ကွန်ဟောင်းကျေးရွာမှ လူငယ်မောင်မယ်(၁၅)ဦး၊ ရပ်ကွက်(၁)မှ လူငယ်မောင် မယ်(၁၅)ဦး၊ စုစုပေါင်း (၆၀)ဦး တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။
စောဥမ္မာ(ခရိုင်၊ပြန်/ဆက်)