ကျောက်ဆည်မြို့နယ်တွင် နွေနှမ်း(၃၂၉၁၆)ဧက အောင်မြင်စွာစိုက်ပျိုးသွားမည်ဖြစ်

ကျောက်ဆည် ဖေဖော်ဝါရီ ၁၇

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် စားသုံးဆီဖူလုံပိုလျှံစေရေး ၂၀၂၂-၂၀၂၃ ခုနှစ်တွင် နွေနှမ်း(၃၂၉၁၆)ဧကအား ဆည်ရေသောက်စနစ်များဖြင့် အောင်မြင်စွာစိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ထိုသို့ နွေနှမ်းများစိုက်ပျိုးရာတွင် ဇော်ဂျီဆည်ရေသောက်စနစ်ဖြင့် စိုက်ပျိုးရေများပေးဝေသည့် မင်းရဲမြောင်းရေဖြင့် (၂၄၀၈)ဧက၊ သင်းတွဲမြောင်းရေဖြင့် (၃၈၄၂)ဧက၊ ငပြောင်မြောင်းရေဖြင့် (၂၆၃၅)ဧက၊ ဇီးတောမြောင်းရေဖြင့် (၄၂၀)ဧက၊ နွားတက်မြောင်းရေဖြင့် (၁၁၇၅၄)ဧက၊ တမုတ်မြောင်းရေဖြင့် (၄၁၄၈)ဧက၊ အထက်လင်းဇင်းမြောင်းဖြင့် (၆၅၀)ဧက၊ ကင်းတားဆည်ရေသောက်စနစ်ဖြင့် စိုက်ပျိုးရေများပေးဝေသည့် သင်းဒီရေမြောင်းဖြင့် (၄၅၅၉)ဧက၊ စမာရေမြောင်းဖြင့် (၂၅၀၀)ဧက၊ စုစုပေါင်း (၅၅၃)ဧက စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။

နွေနှမ်းစိုက်ခင်းများအောင်မြင်စေရေး စိုက်ပျိုးရေးဦးစီးဌာနမှ ဒေသနှင့်ကိုက်ညီသည့် နှမ်းမျိုးများနှင့် စိုက်နည်းစနစ်များ ကူညီပေးသွားမည်ဖြစ်ပြီး မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ နှမ်းသီးနှံများအောင်မြင်သည်အထိ ရေမြောင်းများအလိုက် စိုက်ပျိုးရေများ အလှည့်ကျစနစ်ဖြင့် ပြည့်ဝစွာပေးဝေသွားမည်ဖြစ်ကြောင်း သိရသည်။

သက်မောင်