သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် (Case Abate) အဘိတ်ဆေးခတ်ခြင်းနှင့် အသိပညာပေးလုပ်ငန်းများဆောင်ရွက်

မင်္ဂလာဒုံ ဖေဖော်ဝါရီလ ၁၇

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်အတွင်းရှိ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန၊ ဝန်ထမ်းအိမ်ရာဝင်း အတွင်း၌ ယနေ့ နံနက် (၈) နာရီအချိန် ကန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ပြည်သူ့ကျန်းမာရေးဌာနမှ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နှိမ်နင်းရေးအတွက် (CaseAbate) အဘိတ်ဆေးဆေးခတ်ခြင်း၊ ခြင်ထောင်ဆေးစိမ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများ ဆောင်ရွက်ကြပြီးနောက် ပြည်သူ့ကျန်းမာရေးဌာနမှ ကျန်းမာရေးမှူး၊ ဒေါ်ယမင်းသန့်နှင့် မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ ဦးစီးမှူး ဦးသန်းဦးတို့က သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဝန်ထမ်းအိမ်ရာဝင်းအတွင်း နေထိုင်လျက်ရှိသည့် ဝန်ထမ်းများအား ကျန်းမာရေးအသိပညာပေး ဟောပြောခဲ့ကြကြောင်း သိရသည်။

မြတ်မွန်ခင် (ပြန်/ဆက်)