ငါန်းဇွန် ဖေဖော်ဝါရီ ၁၇
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ပညာသင်နှစ် အခြေခံပညာကျောင်းများတွင် အတန်းအလိုက် ကျောင်းတွင်းစစ် အတန်းတင်စာမေးပွဲဖြေဆိုခြင်းကို ဖေဖော်ဝါရီ ၁၄ရက်နေ့မှ စ၍ အလယ်တန်းအဆင့် အထက်တန်းအဆင့်များကို တစ်ရက်လျှင် နှစ်ဘာသာနှုန်းဖြင့် သက်ဆိုင်ရာကျောင်းအသီးသီး၌ အေးချမ်းပျော်ရွှင်စွာဖြင့်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ထိုသို့ဖြေဆိုရာတွင် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ Grade-5၊ Grade9 မှလွဲ၍ ဖေဖော်ဝါရီ ၁၄ရက်နေ့မှ ယနေ့အထိ ဖြေဆိုသူ (အခြေခံပညာကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ထက်၊ လယ်၊ မူ)ကျောင်းသား(၅၁၇၀)ဦး၊ ကျောင်းသူ(၅၀၉၂)ဦး၊ စုစုပေါင်း (၁၀၂၆၂) ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
Grade 5 နှင့် Grade-9 တို့၏ အတန်းတင်စာမေးပွဲများကို ဖေဖော်ဝါရီ ၂၂ ရက်နေ့မှ စ၍ ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
သက်နောင်ဦး(ငါန်းဇွန်)