သတင်းများ

စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ဝန်ထမ်းများစွမ်းဆောင်ရည်မြှင့်တင်ရေး Home Garden နည်းပညာပေးသင်တန်းဖွင့်လှစ်
Feb 19,2023
ဝန်ထမ်းများအသိပညာဗဟုသုတများ ပိုမိုရရှိစေရန်နှင့် နည်းပညာများကို တောင်သူများအား ချပြဆွေးနွေးပြီး လိုက်ပါဆောင်ရွက်နိုင်စေရန်နှင့် ဝန်ထမ်းများစွမ်းဆောင်ရည် ပိုမိုမြှင့်မားစေရန် ရည်ရွယ်၍ Home Garden နည်းပညာပေးသင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက် (၈)နာရီက စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနရုံး သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
သာပေါင်းမြို့နယ်တွင် (၇၅)နှစ်မြောက် မြန်မာ-ရုရှား သံတမန်ဆက်ဆံရေး ထူထောင်မှုအထိမ်းအမှတ် ဂုဏ်ပြုကြိုဆိုသောအနေဖြင့် မှတ်တမ်းဓာတ်တ်ပုံများအား မြေစိုက်နံရံကပ် ပြဘုတ်တွင်ပြသထားရှိ
Feb 19,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ မြေစိုက်နံရံကပ်ပြဘုတ်တွင် ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က (၇၅)နှစ်မြောက် မြန်မာ-ရုရှား သံတမန်ဆက်ဆံရေး ထူထောင်မှုအထိမ်းအမှတ် မှတ်တမ်းဓာတ်တ်ပုံများ ပြသထားရှိသည်။
မင်းဘူးမြို့၌ ကုလားပဲများရောင်းအားကောင်းပြီး ဈေးကောင်းရရှိနေ
Feb 19,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့ ဈေးကွက်အတွင်း ကုလားပဲများ ရောင်းအားကောင်းပြီး ဈေးကောင်းရရှိနေကြောင်း မင်းဘူးမြို့  အမှတ် (၃) ထက်ဝေယံ ပွဲရုံပိုင်ရှင် ဦးခင်မောင်တင့်ထံမှ သိရသည်။
သံဖြူဇရပ်၌ မြန်မာနိုင်ငံစာရေးဆရာအသင်း တတိယအကြိမ်ညီလာခံ အားထပ်ဆင့်ရှင်းလင်းပွဲ အခမ်းအနားကျင်းပ
Feb 19,2023
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၌ မြို့နယ်စာရေးဆရာအသင်းမှ မြန်မာနိုင်ငံစာရေးဆရာအသင်း တတိယအကြိမ်ညီလာခံအား ထပ်ဆင့်ရှင်းလင်းပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာ ရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ ကျင်းပပြုလုပ်သည်။
ငွေဆောင်မြို့တွင် ကမ်းခြေသန့်ရှင်းသာယာလှပစေရေးအတွက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်
Feb 19,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့အား Cleancity, GreenCity, Smartcity ဖြစ်ပေါ်လာစေရေးအတွက် အပတ်စဥ် စနေနေ့တိုင်း ဆောင်ရွက်လျက်ရှိသည့် ဌာနဆိုင်ရာများ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်မှုအဖြစ် ယမန်နေ့နံနက် ၇ နာရီ မိနစ် ၃၀ အချိန်မှစ၍ ငွေဆောင်မြို့၊ အမှတ် (၃) ရပ်ကွက်၊ ချစ်သူများကျွန်း ကမ်းခြေတစ်လျှောက်အား အမှိုက်ကောက်သန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြသည်။
ဇီဝမျိုးစုံ မျိုးကွဲများ၏အရေးပါပုံ အသိပညာပေး Talk Show ကျင်းပ
Feb 19,2023
ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ဖေဖော်ဝါရီလ ၁၇ ရက်နေ့ မွန်းလွဲ ၁ နာရီက ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးTalk Show ကျင်းပခဲ့သည်။
သထုံမြို့၌ (၇၅) နှစ်မြောက် မြန်မာ-ရုရှား သံတမန်ဆက်ဆံရေးထူ ထောင်မှုအထိမ်းအမှတ် မှတ်တမ်းဓာတ်ပုံများ မြေစိုက်ပြဘုတ်၌ အသိပညာပေးပြသ
Feb 19,2023
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် (၇၅) နှစ်မြောက် မြန်မာ-ရုရှား သံတမန်ဆက်ဆံရေး ထူထောင်မှုအထိမ်းအမှတ် မှတ်တမ်းဓာတ်ပုံများကို ပြည်သူများလေ့လာကြည့်ရှုပြီး ဗဟုသုတတိုးပွားစေရန်အတွက် ယနေ့နံနက်ပိုင်းက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ရှိ မြေစိုက်နံရံကပ်ပြဘုတ်၌ ခင်းကျင်းပြသထားကြောင်း သိရသည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ မတည်ထောက်ပံ့ငွေများ ထုတ်ယူသုံးစွဲရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်
Feb 19,2023
နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ငွေများ ထုတ်ယူသုံးစွဲရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၁/၂၀၂၃)ကို ယမန်နေ့နံနက်ပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ  ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ပြည်နယ် အဆင့်ဌာနဆိုင်ရာများ တက်ရောက်ကြသည်။