ငွေဆောင် ဖေဖော်ဝါရီ ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့အား Cleancity, GreenCity, Smartcity ဖြစ်ပေါ်လာစေရေးအတွက် အပတ်စဥ် စနေနေ့တိုင်း ဆောင်ရွက်လျက်ရှိသည့် ဌာနဆိုင်ရာများ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်မှုအဖြစ် ယမန်နေ့နံနက် ၇ နာရီ မိနစ် ၃၀ အချိန်မှစ၍ ငွေဆောင်မြို့၊ အမှတ် (၃) ရပ်ကွက်၊ ချစ်သူများကျွန်း ကမ်းခြေတစ်လျှောက်အား အမှိုက်ကောက်သန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါစုပေါင်းသန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်ရာတွင် ငွေဆောင်မြို့အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်၏ ဦးဆောင်မှုဖြင့် မြို့အဆင့်ဌာနဆိုင်ရာများ၊ မြို့စည်ပင်သာယာရေးအဖွဲ့ဝင်များ၊ Myanmar Dive Centre မှ အဖွဲ့များ၊ Trash hero အဖွဲ့များ၊ ကမ်းခြေစျေးသည်များ၊ အမှတ်(၃)ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့များ၊ စုစုပေါင်းအင်အား(၂၄၀) ခန့်ဖြင့်ငွေဆောင်မြို့၊ အမှတ်(၃)ရပ်ကွက်၊ ချစ်သူများကျွန်းကမ်းခြေတစ်လျှောက်ရှိ ပလတ်စတစ်အမှိုက်များ၊ အုန်းခွံများအား စုပေါင်းကောက်ကြကာ အမှိုက်သိမ်းယာဥ်ပေါ်သို့တင်ပေးခဲ့ကြသည်။ ငွေဆောင်မြို့သည် ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည်များ ဝင်ရောက်မှုများပြားရာ နေရာဖြစ်သည့်အတွက် ကမ်းခြေသန့်ရှင်းရေးကို အလေးထားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
R – O14 ( ငွေဆောင်)