မုံရွာ ဖေဖော်ဝါရီ ၁၉
ဝန်ထမ်းများအသိပညာဗဟုသုတများ ပိုမိုရရှိစေရန်နှင့် နည်းပညာများကို တောင်သူများအား ချပြဆွေးနွေးပြီး လိုက်ပါဆောင်ရွက်နိုင်စေရန်နှင့် ဝန်ထမ်းများစွမ်းဆောင်ရည် ပိုမိုမြှင့်မားစေရန် ရည်ရွယ်၍ Home Garden နည်းပညာပေးသင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက် (၈)နာရီက စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနရုံး သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းလှိုင်ဦးက သင်တန်းအဖွင့်အမှာစကားပြောကြားပြီး သင်တန်းကို ဆက်လက်ပို့ချပေးလျက်ရှိရာ မုံရွာမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးသက်အောင်က Hydroponic စိုက်ပျိုးဆောင်ရွက်မှုနည်းပညာများအားလည်းကောင်း၊ ဒုလက်ထောက်ဦးစီးမှူး ဒေါ်နှင်းယုဝေက Hydroponic ဆောင်ရွက်ပုံအဆင့်ဆင့်အားလည်းကောင်း၊ ဒုလက်ထောက် ဦးစီးမှူး ဒေါ်သဲသဲထွေးက ကောက်ရိုးမှို၊ငွေနှင်းမှို စိုက်ပျိုးထုတ်လုပ်မှု နည်းပညာများကို လည်းကောင်း၊ ဒုတိယဦးစီးမှူး ဦးဖြိုးဝေက Home Garden စိုက်ပျိုးမှု နည်းပညာများကို သင်တန်းသားသင်တန်းသူ (၄၀)ဦးအား သင်တန်းကာလ တစ်ရက်ကြာ စာတွေ့လက်တွေ့ သင်ကြားပို့ချပေးခဲ့ကြောင်း သတင်းရရှိသည်။
ခရိုင်(ပြန်/ဆက်)