ပူတာအို၌ ၂၀၂၂ ခုနှစ် မြို့နယ်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲကွင်းဖွင့်
Jul 22,2022
ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုများကို အခြေခံ၍ လူငယ်များအား ကစားကို ပိုမိုစိတ်ဝင်စားပြီး စိတ်ဓာတ်ခန္ဓာပိုမိုကျန်းမာကြံ့ခိုင်လာစေရန်၊ ဘောလုံးစွမ်းရည်ဖလှယ်ရင်း စွမ်းရည်ပိုမိုမြင့်မား လာပြီး မြို့နယ်လက်ရွေးစင်မှ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားအဆင့်ထိ တက်လှမ်းလာနိုင်ရန်၊ အားကစား ကို စိတ်အားထက်သန်ခြင်းဖြင့် မိမိဘဝပျက်စီးရာ ပျက်စီးကြောင်း မူးယစ်ဆေးဝါး သားကောင်ဖြစ်စရာ အကြောင်းများမှ ရှောင်ရှားစေနိုင်ရန်နှင့် အနာဂတ်၏ မျိုးဆက်သစ် လူငယ်များ အားကျအတုယူပြီး အားကစားကို အစဉ်အမြဲ စိတ်ဝင်စားလာစေရန်အတွက် ၂၀၂၂ ခုနှစ် ပူတာအိုမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ် အားကစားနှင့် ကာယပညာကော်မတီ ဥက္ကဋ္ဌဖလား အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲ ကွင်းဖွင့်ပွဲအခမ်း အနားကို ယမန်နေ့ မွန်းလွဲ(၃)နာရီက မြို့နယ်ပြည်သူ့အားကစားကွင်း၌ ကျင်းပသည်။