သံဖြူဇရပ် ဖေဖော်ဝါရီ ၁၉
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၌ မြို့နယ်စာရေးဆရာအသင်းမှ မြန်မာနိုင်ငံစာရေးဆရာအသင်း တတိယအကြိမ်ညီလာခံအား ထပ်ဆင့်ရှင်းလင်းပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာ ရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားသို့ မွန်ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးခင်မောင်ဦး၊ မြို့နယ် စာရေးဆရာ အသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ စာပေဝါသနာရှင်များ တက်ရောက်ခဲ့ကြပြီး ရှေ့ဦးစွာ သဘာပတိ မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးတင်ယုက အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံ စာရေးဆရာအသင်းဖြစ်ပေါ်လာပုံကို အဖွင့်အမှာစကားပြောကြားပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးအေးသီက စာဖတ်ရှိန်မြှင့်တင်ရေးအဖြစ် စာပေဆိုင်ရာအကြောင်းအရာများကို ပြောကြားသည်။
ဆက်လက်၍ မြန်မာနိုင်ငံစာရေးဆရာအသင်း တတိယအကြိမ်ညီလာခံမှ ဆွေးနွေးပြောကြားသည့်အကြောင်းအရာများကို မြို့နယ်စာရေး ဆရာအသင်းဥက္ကဋ္ဌ ဦးတင်ယု( နန္ဒာမောင်)က ရှင်းလင်းပြောကြားပြီး၊ မြို့နယ်စာရေးဆရာအသင်း အတွင်းရေးမှူး ဦးမင်းကျော်ဝင်း(မင်း ကျော်ဝင်း-ကမာဝက်က) တစ်နှစ်တာဆောင်ရွက်ခဲ့သည့်လုပ်ငန်းများအား ချပြရှင်းလင်းသည်။
ထို့နောက် တက်ရောက်လာသူများမှ ပြန်လည်တင်ပြဆွေးနွေးခဲ့ကြပြီး၊ ဆက်လက်၍ မြို့နယ် စာရေးဆရာအသင်း ဖွံဖြိုးတိုးတက်ရေးအတွက်အလှူငွေပေးအပ်ရာ မွန်ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီး ဦးခင်မောင်ဦးနှင့် အလှူရှင်များမှ လှူဒါန်းငွေစုစုပေါင်းကျပ် (၁၇၀၀၀၀) လှူဒါန်းပေးအပ်ခဲ့ကြောင်းနှင့် မြို့နယ်စာရေးဆရာအသင်းမှထုတ်ဝေသည့် စာပန်းရဂုံမဂ္ဂဇင်းနှင့် သုတ စာအုပ်များကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသို့ ပေးအပ်လှူဒါန်းရာ မွန်ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီး ဦးခင်မောင်ဦးကပေးအပ်ပြီး မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်အေးအေးသီက လက်ခံရယူသည်။
အခမ်းအနားသို့တက်ရောက်လာကြသည့် မွန်ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီး ဦးခင်မောင်ဦးနှင့် စာပေဝါသနာရှင်များမှ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသည့် လျှပ်စစ်ဓာတ်အားသုံး ပြည်သူများအတွက် လျှပ်စစ်ဓာတ်အား ချွေတာ သုံးစွဲနိုင်မည့်နည်းလမ်းများ အသိပညာပေးဗီနိုင်းပိုစတာကို ကြည့်ရှူလေ့လာကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)