သတင်းများ

​ရွှေဘိုတက္ကသိုလ်တွင် ကာယဗလမောင်နှင့် လှယဉ်ကျေးမယ်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ
Feb 19,2023
စစ်ကိုင်းတိုင်းဒေသကြီး​ ရွှေဘိုတက္ကသိုလ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ကာယဗလ​မောင်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲချိန်က အဆိုပါ တက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ​ရွှေဘိုခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးဦး၊ အဖွဲ့ဝင်ဒုတိယဗိုလ်မှူးကြီး ရဲထွဋ်ဝင်း၊ အားကစားနှင့် ကာယပညာဦးစီးဌာန လက်​ထောက်ညွှန်ကြား​ရေးမှူး​ ဒေါ်နိုင်နိုင်ဝင်း၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်အမျိုးသမီး​ရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်မဥ္ဇူဝင်းနှင့်အဖွဲ့ဝင်များ၊ အမှတ်​ပေးဒိုင်အဖွဲ့ဝင်များ၊ ရွှေဘိုတက္ကသိုလ် ပါမောက္ခချုပ် ဆရာမကြီး ဒေါက်တာ မျိုးမျိုး၊ ပါမောက္ခဆရာ၊ ဆရာမကြီးများနှင့် သက်ဆိုင်ရာ ဘာသာရပ်အလိုက် ဌာနမှူးများနှင့် နည်းပြ/သရုပ်ပြ ဆရာဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
ဒိုက်ဦးမြို့တွင် (၇၅) နှစ်မြောက် မြန်မာ-ရုရှား သံတမန်ဆက်ဆံရေး ထူထောင်မှုအထိမ်း အမှတ်အဖြစ် နံရံကပ်ပြဘုတ်ပြသ
Feb 19,2023
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့၊ အမှတ်(၅)သံတံတားရပ်ကွက် ဒေါ်ခင်မြင့်မြင့် စာကြည့်တိုက်ရှေ့  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြေစိုက်နံရံ ကပ်ပြဘုတ်တွင် (၇၅)နှစ်မြောက် မြန်မာ-ရုရှား သံတမန်ဆက်ဆံရေး ထူထောင်မှုအထိမ်း အမှတ်အဖြစ် မှတ်တမ်းဓာတ်ပုံများကို ယမန်နေ့ မွန်းလွဲ(၃)နာရီအချိန်က ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကန့်ဘလူမြို့ လူထုအခြေပြုဗဟိုဌာန၌ ရေထုညစ်ညမ်းမှုအကြောင်း သိကောင်းစရာ အသိပညာပေး Talk Show ကျင်းပ
Feb 19,2023
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနတို့ ပူးပေါင်းပြီး ရေထုညစ်ညမ်းမှုအကြောင်း သိကောင်းစရာ အသိပညာပေး Talk Show အစီအစဉ်ကို လူထုအခြေပြုဗဟိုဌာန၌ ဖေဖော်ဝါရီ ၁၇ ရက်မွန်းလွဲ ၂ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
မိတ္ထီလာမြို့နယ်၌   နွေစပါးနှင့် အခြားသီးနှံများ စိုက်ပျိုးနိုင်ရေးအတွက် ဆည် ၊ ကန်၊ တမံများမှ စိုက်ပျိုးရေများ စတင်ဖြန့်ဝေပေးလျက်ရှိ
Feb 19,2023
မိတ္ထီလာမြို့နယ်၌ ၂၀၂၂-၂၀၂၃ခုနှစ်တွင် နွေစပါးနှင့် အခြားသီးနှံများ စိုက်ပျိုးနိုင်ရေးအတွက် ဆည်၊ ကန်၊ တမံများမှ စိုက်ပျိုးရေများ စတင်ဖြန့်ဝေပေးလျက်ရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။           
မိုးရွာသွန်းမှုနှင့် လေပြင်းတိုက်ခတ်မှုတို့ကြောင့် ရန်ကုန်တိရစ္ဆာန်ရုံဝင်းရှေ့ စိန်ပန်းပင် အမြစ်ကျွတ်ထွက်ကာလမ်းပေါ်သို့လဲကျ
Feb 19,2023
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ယမန်နေ့က မိုးရွာသွန်းမှုနှင့် လေပြင်းတိုက်ခတ်မှုတို့ကြောင့် ရန်ကုန်တိရစ္ဆာန်ရုံဝင်းရှေ့ ကန်ရိပ်သာလမ်းရှိ စိန်ပန်းပင် အမြစ်ကျွတ်ထွက်ကာ လမ်းပေါ်သို့လဲကျခဲ့ပြီး လူထိခိုက်မှုမရှိခဲ့ကြောင်း သိရသည်။
ပြည်မြို့ လေးဆူဓာတ်ပျော် ရွှေဆံတော်စေတီတော်မြတ်ကြီး၌ မီးဘေးကာကွယ်စေတတ်သော (၁၂)ကြိမ်မြောက် "ဝဋ္ဋသုတ်ပရိတ်တော်" ရွတ်ဖတ်ပူဇော်ပွဲ အခမ်းအနား ကျင်းပ
Feb 19,2023
ပဲခူးတိုင်းဒေသကြီး ပြည်မြို့ လေးဆူဓာတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီး၏ ရင်ပြင်တော် မြတ်စွယ်တော်တိုက်တွင် ယနေ့နံနက် ၆ နာရီက မီးဘေးကာကွယ်စေတတ်သော (၁၂)ကြိမ်မြောက် "ဝဋ္ဋသုတ်ပရိတ်တော်" ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနား ကျင်းပရာ ဩဝါဒါစရိယဆရာတော်ကြီး(၉)ပါးအမှူးပြုသော ပြည်ခရိုင်စီမံအုပ်ချုပ်အဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ် ဌာနဆိုင်ရာများ၊ ဂေါပကအဖွဲ့နှင့် ဝေယျာဝစ္စ/ဝတ်အသင်းအဖွဲ့များ တက်ရောက်ကြသည်။
ပဲခူးမြို့၌ (၇၅)နှစ်မြောက် မြန်မာ-ရုရှား သံတမန်ဆက်ဆံရေး ထူထောင်မှုအထိမ်းအမှတ် မှတ်တမ်းဓာတ်ပုံများအား မြေစိုက်နံရံကပ်ပြဘုတ်တွင် ပြသထားရှိ
Feb 19,2023
ပဲခူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၅)နှစ်မြောက် မြန်မာ-ရုရှား သံတမန်ဆက်ဆံရေး ထူထောင်မှုအထိမ်းအမှတ် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများအား အများပြည်သူများ လေ့လာသိရှိနိုင်စေရန်ရည်ရွယ်၍ ယမန်နေ့နံနက် ၉ နာရီက ပဲခူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး မြေစိုက် ံရံကပ်ပြဘုတ်တွင် ပြသပေးထားရာ လာရောက်ကြည့်ရှု လေ့လာကြကြောင်း သိရသည်။
ဟားခါးမြို့၌ (၂၆) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲ ကျင်းပနေမှုအား ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ကြည့်ရှုအားပေး
Feb 19,2023
(၂၆) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲကို ယမန်နေ့ မွန်းတည့် ၁၂ နာရီက ချင်းပြည်နယ် ၊ ဟားခါးမြို့ ၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းရှိ ဗိုလ်တိုက်ချွန်းခန်းမ၌ ကျင်းပပြုလုပ်ရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ကြည့်ရှုအားပေးသည်။