သတင်းများ

မုံရွာမြို့ နတ်လူထိပ္ပန် ရပ်ကွက်ရှိ မိဘပြည်သူများနှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများ တွေ့ဆုံ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်
Jul 23,2022
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် မုံရွာခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်ကိုထွန်း ဦးဆောင်သော ဌာနဆိုင်ရာပူး‌ ပေါင်းအဖွဲ့သည် ယမန်နေ့ နံနက်(၁၀)နာရီက
ရွှေတောင်မြို့နယ်တွင် Mask တပ်ဆင်စေခြင်း၊ အခမဲ့ Mask ဝေငှခြင်းနှင့်ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းထိန်းသိမ်းရေး ကွင်းဆင်းဆောင်ရွက်
Jul 23,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ရန်ကုန်-ပြည်လမ်းမြို့ ဝင်တိုးဂိတ်အနီးတွင် ယမန်နေ့နံနက်ပိုင်းက မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန် ရေး​ကော်မတီဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များမှ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် Mask တပ်ဆင်မှုမရှိသူများအား Mask တပ်ဆင်ပေးခြင်း အခမဲ့ဝေငှပေးခြင်းနှင့်အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့သည်။
သာစည်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မိုး၊ မိုးနှောင်းချည်မျှင်ရှည်ဝါ တစ်ဧကပိဿာ တစ်ထောင်ထွက်ရှိနိုင်သည့် မျိုးစေ့များထောက်ပံ့ပေးအပ်
Jul 23,2022
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ခုနှစ် မိုး၊ မိုးနှောင်းရာသီတွင် တစ်ဧကအထွက်နှုန်း တိုးတက်လာပြီး ဈေးနှုန်းကောင်းမွန်သော ဝါမျိုးကို စိုက်ပျိုးခြင်းဖြင့် တောင်သူများ ဝင်ငွေတိုးတက်လာစေရန် တစ်ဧက ပိဿာတစ်ထောင်ထွက်ရှိ နိုင်သည့် ရာကာ ၆၆၆ စပ်မျိုးအဆင့်(၁)မျိုးစေ့ ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ပြုလုပ်ကြောင်း သိရသည်။
မွန်ပြည်နယ်တွင် (၂၃)ကြိမ် မြောက် အဆို၊အက၊ အရေး၊ အတီးပြိုင်ပွဲကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Jul 23,2022
မွန်ပြည်နယ်တွင် (၂၃) ကြိမ်မြောက် အဆို၊အက၊ အရေး၊ အတီးပြိုင်ပွဲ ကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဇူလိုင် (၂၁)ရက် နေ့လယ်ပိုင်းက တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၊ မွန်ပြည်နယ်၊ ညွှန်ကြားရေးမှူးရုံး၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် အစိုးရ အဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး နိုင်လယိတမ၊ တိုင်းရင်းသားရေးရာဝန်ကြီးဦးခင်မောင်ဦး၊ တိုင်းရင်းသား ရိုးရာအကဲဖြတ်လုပ်ငန်းကော်မတီဝင်များ၊ပြည်နယ်/မြို့နယ်အဆင့် မွန်စာပေနှင့် ယဉ်ကျေးမှု ကော်မတီဝင်များတက်ရောက်သည်။  
ရွှေတောင်မြို့နယ်တွင် အသက်(၅)နှစ် မှ (၁၂)နှစ်အတွင်း ရှိအခြေခံပညာကျောင်းသား/ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်ဆက်လက်ထိုးနှံ
Jul 23,2022
ပဲခူး တိုင်းဒေသကြီးပြည်ခရိုင် ရွှေတောင်မြို့နယ်တွင်အသက်(၅)နှစ်မှ (၁၂) နှစ်အတွင်းရှိအခြေခံပညာ ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေးခြင်းကိုရွှေတောင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊မြို့နယ်ပြည်သူ့ဆေးရုံ တွင် ယမန်နေ့နံနက် ၉ နာရီကဆက်လက် ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
တိုက်ကြီးမြို့နယ် ပိုက်လုံးစုကျေးရွာတွင် ကျေးရွာနေပြည်သူများအတွက် တန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာ သင်တန်းဖွင့်လှစ်
Jul 23,2022
ရန်ကုန်တိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်ခုအဖြစ် တိုင်းဒေသကြီးအတွင်း အကောင် အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပြီး ယမန်နေ့ နံနက်ပိုင်းက တိုက်ကြီး ခရိုင်၊ တိုက်ကြီးမြို့နယ်၊ လိမ္မော်ခြံအုပ်စု၊ ပိုက်လုံးစုကျေးရွာတွင် ကျေးရွာတစ်ရွာထုတ်ကုန် တစ်ခုအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးရည်ရွယ်၍ ကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ ကျေးရွာနေပြည်သူများ အတွက် သီးနှံအခြေခံယို၊ ဖျော်ရည်အမျိုးမျိုးနှင့် သီးနှံခြောက် တန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်မှု နည်းပညာသင်တန်းကို မြောက်ပိုင်းခရိုင် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
မက်မန်းမြို့၌ ကျေးရွာဖွံဖြိုးတိုးတက်းရေးစီမံကိန်း (VDP)ဖြင့် ဆောင်ရွက်ပြီးစီးခဲ့သော အသေးစားရေအား လျှပ်စစ်ဖွင့်လှစ်ပွဲကျင်းပ
Jul 23,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်တိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့၌ ကျေးလက် ဒေသဖွံ့ဖြိုး တိုးရေးဦးစီးဌာနမှ ပြည်သူများလူနေ မှု ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးစီမံကိန်း (VDP)ဖြင့် ဆောင်ရွက်ခဲ့သော အသေးစားရေအား လျှပ်စစ်ဖွင့်ပွဲကို ယမန်နေ့ နံနက် ၁၁ နာရီက ဆွတ်ဝိုးကျေးရွာ အုပ်စု၊ ရောင်ပန်ကျေးရွာ၌ ပြုလုပ်သည်။
စမ်းချောင်းမြို့နယ်တွင် အသက် ၅ နှစ်မှ ၁၂ နှစ်အတွင်းကျောင်းသား/သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေး
Jul 23,2022
ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်တွင် ကျောင်းသား/သူများ ကျန်းမာပျော်ရွှင်စွာဖြင့် ပညာသင်ယူနိုင်ရန် အသက် ၅ နှစ်မှ ၁၂နှစ်အတွင်းကျောင်းသား/သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးပထမအကြိမ်ကို  ယမန်နေ့ အ.ထ.က၂ ကျောင်းတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံပေးလျက်ရှိကြောင်းသိရသည်။