မိုင်းရှူးမြို့၌ ဆရာတော်၊ သံဃာတော်များအား စုပေါင်းဆွမ်းတော်ဆက်ကပ်လှူဒါန်း

မိုင်းရှူး ဖေဖော်ဝါရီ ၂၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်တွင် ယမန်နေ့ နံနက်(၁၀)နာရီခွဲချိန်က (၃၁) ကြိမ်မြောက် ပရိယတ္တိသဒ္မပါလ စာမေး၊စာဖြေပွဲ‌တော်သို့ ကြီးကြပ်ဆရာတော်နှင့် လာ‌ရောက်ဖြေဆိုကြသည့်သံဃာတော် အပါး(၅၀၀)ကျော်အား ခရိုင်နှင့်မြို့နယ်အဆင့် ဌာန ဆိုင်ရာများက မြို့လယ်ဟံသာမုနိဘုရားကြီးကျောင်း၌ စုပေါင်း ဆွမ်းတော်ဆက်ကပ် လှူဒါန်းခဲ့ကြသည်။

အဆိုပါ ဆွမ်းကပ်လှူဒါန်းရာသို့ နည်းဗျူဟာမှူး ဗိုလ်မှူးကြီး ကျော်လင်း၊ ခရိုင် စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်မောင်လွင်နှင့် အဖွဲ့များ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များက စုပေါင်းဆွမ်းကပ်လှူဒါန်းကြကြောင်း သိရသည်။

သန်းလူ(ပြန်/ဆက်)