မိုင်းရယ်၌ မြို့နယ်စည်ပင်မှ မြို့တွင်းလမ်းများကတ္တရာခင်းခြင်းလုပ်ငန်းများဆောင်ရွက်

မိုင်းရယ် ဖေဖော်ဝါရီ ၂၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်တွင် မြို့သန့်ရှင်းသာယာလှပရေးအတွက် မြို့တွင်းလမ်းများ ကတ္တရာခင်းခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်(၁၀)နာရီက မိုင်းရယ်မြို့၊ ရပ်ကွက်(၃) ဝါဆိုကျောင်းလမ်း ကတ္တရာခင်းနေမှုအခြေအနေများကို စည်ပင်သာယာရေးဌာန၊ မြို့နယ်အမှု‌ဆောင်အရာရှိ ဦးသိန်းစိုးမှ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပါသည်။

အဆိုပါ မိုင်းရယ်မြို့၊ ရပ်ကွက် (၃) ဝါဆိုကျောင်းလမ်းအား ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ဖြည့်စွက်ခွင့်ပြုရန်ပုံငွေကျပ်(၁၉၀)သိန်းဖြင့် ပေ(၇၅၀)အား ကတ္တရာခင်းခြင်း ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

မိုင်းရယ်ပြန်/ဆက်