သတင်းများ

တပ်ကုန်းမြို့၌ ကျောင်းအခြေပြု မျက်စိစမ်းသပ်စစ်ဆေးခြင်းနှင့် မျက်မှန်များ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကျင်းပ
Feb 21,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် အောင်ဇေယျရပ်ကွက်၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းတွင် ကျောင်းအခြေပြုမျက်စိစမ်းသပ်စစ်ဆေးခြင်းနှင့် မျက်မှန်များ ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်းရှိ ဓမ္မာရုံတွင် ကျင်းပသည်။
ကျောက်တန်းမြို့နယ် အမှိုက်များရေပြင်တွင် စွန့်ပစ်ခြင်းအား ထိန်းချုပ်ကာကွယ်စီမံနိုင်ရေး လူထုအသိပညာပေးဟောပြောပွဲ
Feb 21,2023
ကျောက်တန်းမြို့နယ်၊ အမှိုက်များရေပြင်တွင် စွန့်ပစ်ခြင်းအား ထိန်းချုပ်ကာကွယ်စီမံနိုင်ရေး လူထုအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင် ခရိုင် ၊ ကျောက်တန်းမြို့နယ် ၊ ရေလယ်ဘုရား ဈေးရှေ့တွင် ကျင်းပပြုလုပ်ခဲ့သည်။
ဒေးဒရဲမြို့ မြန်မာ့စီးပွားရေးဘဏ်မှ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများထုတ်ပေး
Feb 21,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေ များကို ယနေ့ နံနက်ပိုင်းက စတင်၍ ပင်စင်စားများ၏ လက်ဝယ်အရောက် ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
မောက်မယ်မြို့နယ်၌ ၂၀၂၃ခုနှစ်တက္ကသိုလ်ဝင်ခွင့်စာမေးပွဲသို့ ကျောင်းသား/သူ(၃၃)ဦး ဝင်ရောက်ဖြေဆိုမည်
Feb 21,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် အခြေခံပညာဦးစီးဌာနမှ ၂၀၂၃ ခုနှစ် မတ်လ ၈ ရက်နေ့၌ ကျင်းပပြုလုပ်မည့် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲတွင် မောက်မယ်စာစစ်ဌာနမှ အတွင်းဖြေဆိုသူ(၂၃)ဦးနှင့် အပြင်ဖြေဆိုသူ(၁၀)ဦး စုစုပေါင်း(၃၃)ဦးတို့အား ဖြေဆိုခွင့်လျှောက်လွှာ တင်သွင်းထားကြောင်း သိရသည်။
စုကလိမြို့တွင် ဆိုင်ကယ်မောင်းနှင်သူများလိုက်နာရမည့်အချက်များအကြောင်း အသိပညာပေး Talk Show ပြုလုပ်
Feb 21,2023
စုကလိမြို့နေ  ပြည်သူများအနေဖြင့် ဆိုင်ကယ်မောင်းနှင်သူများအနေဖြင့်စနစ်တကျစည်းကမ်း လိုက်နာစွာမောင်းနှင်တတ်စေရန်နှင့်   ယဉ်စည်းကမ်းလမ်းစည်းကမ်းကို လိုက်နာတတ်စေရန် ရည်ရွယ်ချက်များဖြင့် ယနေ့နံနက်ပိုင်းအချိန်က စုကလိမြို့ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာန Community Center တွင် ကျင်းပပြုလုပ်ခဲ့သည်။
အညာဒေသတွင် ပုန်းမကျီအရှင်မအား ပူဇော်တင်မြှောက်ပွဲကို ရိုးရာမပျက်ပြုလုပ်
Feb 21,2023
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့ရှိ ကျေးရွာများတွင် အစဉ်အလာမပျက်ပုန်းမကျီအရှင်မ ပူဇော် တင်မြှောက်ပွဲကို တပေါင်းလဆန်း(၃)ရက် ယနေ့နံနက်စောပိုင်းက ပြုလုပ်ခဲ့ကြသည်။
တနိုင်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားနိုင်ငံ့ဝန်းထမ်းများ၏ ပင်စင်လစာငွေများထုတ်ပေး
Feb 21,2023
ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားနိုင်ငံ့ ဝန်းထမ်းများ၏ ပင်စင်လစာငွေများကို ယနေ့ နံနက် (၉) နာရီမှစတင်၍ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
လားရှိုးမြို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်နေမှုများအား တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေး
Feb 21,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၌ ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပသောမြို့ Clean City ဖြစ်လာစေရေးအတွက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်နေမှုများအား ယနေ့နံနက်(၁၀)နာရီအချိန်က ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းမြောက်) ဥက္ကဋ္ဌ ဦးမျိုးကျော်နှင့် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။