စားသုံးဆီများကို သက်သာသောဈေးနှုန်းဖြင့် ကျေးရွာအရောက် ကွင်းဆင်းရောင်းချ
Jul 26,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးခင်မောင်ဆွေ ဦးဆောင်မှုဖြင့် တပ်ကုန်းမြို့နယ် ဆီကုန်သည်အသင်းဝင်များ ပူးပေါင်း၍ ပြည်သူများ မီးဖိုချောင်းသုံးစားသုံးဆီစျေးနှုန်း သက်သာစွာဝယ်ယူနိုင်ရေး ယနေ့နံနက် ၉ နာရီက ရွေးစုကျေးရွာအုပ်စု၊ ရွေးစုကျေးရွာသို့ ကွင်းဆင်းရောင်းချပေးခဲ့သည်။