ပခုက္ကူမြို့နယ်တွင် ရေပေးဝေရေးဆိုင်ရာ အသိပညာပေး သင်တန်းဖွင့်လှစ်ပို့ချ
Feb 21,2023
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ သန့်ရှင်းသောသောက်သုံးရေ ရရှိသုံးစွဲစေရန်၊ ရေရရှိရေးလုပ်ငန်း ရေရှည်တည်တံ့စေရန်နှင့် ရေပေးဝေရေးလုပ်ငန်းများ စနစ်တကျဆောင်ရွက်တတ်စေရန်ရည်ရွယ်၍ ရေပေးဝေရေးဆိုင်ရာ အသိပညာပေးသင်တန်းကို ယနေ့နံနက် ၁၀ နာရီအချိန်က ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၌ ဖွင့်လှစ်ပို့ချသည်။