သတင်းများ

တနိုင်းမြို့၌ မွေးကင်းစမှ အသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ် ဆေးထိုးဆေးတိုက်ခြင်း လုပ်ငန်းများဆောင်ရွက်
Feb 21,2023
ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်တွင် မွေးကင်းစမှ အသက် (၂) နှစ်အောက် ကလေးငယ်များအား ပုံမှန် ကာကွယ်ဆေးထိုး ဆေးတိုက်လုပ်ငန်းများကို ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့် အညီ ယနေ့ နံနက် (၉) နာရီအချိန်တွင် မိခင်နှင့် ကလေးကျန်းမာရေးဌာန၌ ဆောင်ရွက်ပေးခဲ့သည်။
မက်မန်းမြို့၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုး၊မွေးမြူရေး ဆောင်ရွက်သောမွေးမြူသူ၊ တောင်သူများအား အသိပညာပေးသင်တန်းဖွင့်လှစ်
Feb 21,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း) “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့ပူးပေါင်း၍ နိုင်ငံ့စီးပွားရေးမြှင့်တင်ရေး ရန်ပုံငွေဖြင့်စိုက်ပျိုး၊ မွေးမြူရေး ဆောင်ရွက်သောမွေးမြူသူ၊ စိုက်ပျိုးသူများအား အသိပညာပေးသင်တန်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Centre) ခန်းမတွင် ယမန်နေ့က ကျင်းပပြုလုပ်ခဲ့သည်။
မောက်မယ်မြို့နယ်၌ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာငွေများ စနစ်တကျထုတ်ပေး
Feb 21,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်က မြို့နယ်အတွင်းရှိ ပင်စင်အငြိမ်းစားဝန်ထမ်းများကို ယနေ့နံနက်၉နာရီက ပင်စင်လစာငွေများ စနစ်တကျထုတ်ပေးလျက်ရှိရာ စိတ်အေးချမ်းစွာ လာရောက်ထုတ်ယူလျက်ရှိကြောင်း သိရသည်။
ဝေါမြို့မစျေးတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဆောင်ရွက်
Feb 21,2023
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ် မီးသတ်ဦးစီးဌာနမှ ဝေါမြို့မစျေး အရန်မီးသတ်တပ်ဖွဲ့တို့ ပူးပေါင်း၍ ယမန်နေ့က မီးဘေးအန္တရာယ် ကြုံတွေ့လာပါက ကြိုတင်ကာကွယ်နိုင်ရေးအတွက် မီးသတ်ဆေးဘူးထားရှိရေး အသိပညာပေးဆောင်ရွက်သည်။
နတ်မောက်မြို့၌ မော်တော်ယာဉ်များအား ဖောင်းကြွနံပါတ်ပြားအသစ် တပ်ဆင်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Feb 21,2023
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့၌ မော်တော်ယာဉ်များအား ဖောင်းကြွနံပါတ်ပြားအသစ်တပ်ဆင်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community  Centre) ဘက်စုံသုံးခန်းမတွင် ကျင်းပခဲ့သည်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာငွေများကို ပုံမှန်ထုတ်ပေး
Feb 21,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် မြန်မာ့စီးပွားရေးဘဏ်မှ မြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်း အငြိမ်းစားများ၏ ပင်စင်လစာငွေများကို ယနေ့ နံနက်ပိုင်းမှ စတင်ကာ ပုံမှန်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ဝေါမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက် Mobile Library ဖြင့် စာအုပ်၊ စာစောင်များ အခမဲ့ငှားရမ်းပေး
Feb 21,2023
ဝေါမြို့နယ်၌ စာဖတ်ရှိန် မြှင့်တင်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးဝန်ထမ်းများက ယနေ့နံနက်ပိုင်းက  ရွေ့လျားစာကြည့်တိုက် Mobile Library ဖြင့် မြို့နယ်ဌာနဆိုင်ရာများသို့ သွားရောက်၍ စာအုပ်၊ စာစောင်များ အခမဲ့ငှားရမ်းခဲ့ကြသည်။
မိုင်းယောင်းမြို့တွင် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများအား ထောက်ပံ့ငွေပေးအပ်
Feb 21,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဗလမင်းထင်ခန်းမ၌ ယမန်နေ့က ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများအား ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ထောက်ပံ့ငွေပေးအပ်ခဲ့သည်။