လားရှိုးမြို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်နေမှုများအား တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

လားရှိုး ဖေဖော်ဝါရီ ၂၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၌ ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပသောမြို့ Clean City ဖြစ်လာစေရေးအတွက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်နေမှုများအား ယနေ့နံနက်(၁၀)နာရီအချိန်က ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းမြောက်) ဥက္ကဋ္ဌ ဦးမျိုးကျော်နှင့် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့(ရှမ်းမြောက်)ဥက္ကဋ္ဌနှင့်အဖွဲ့သည် လားရှိုးကြီးမီးပွိုင့်မှ အဝိုင်းပတ်အထိ၊ အဝိုင်းပတ်မှ မုခ်ဦးအထိဆောင်ရွက်လျက်ရှိသော လမ်းအဆင့်မြှင့်တင်ခြင်း၊ လမ်းဘေးဝဲယာရေနှုတ်မြောင်း၊ လမ်းလယ်ပန်းခုံ၊ မီးတိုင်ခုံများနှင့် ဖြတ်လမ်းများဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

စိုင်းအောင်ကျော်စိုး(ပြန်/ဆက်)