စလင်း ဖေဖော်ဝါရီ ၂၁
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် စလင်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ နိုင်ငံတာဝန် ထမ်းဆောင်ခဲ့ကြသည့် နိုင်ငံဝန်ထမ်းအငြိမ်းစား သက်ကြီးဘိုးဘွားများ၏ ပင်စင်လစာငွေများကို ယနေ့နံနက် ၇ နာရီအချိန်မှ စတင်ကာ မြန်မာ့စီးပွားရေးဘဏ်ဝန်ထမ်းများက ပထမနေ့အဖြစ် ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
စလင်းမြို့နယ်အတွင်းရှိ နိုင်ငံတာဝန်ထမ်းဆောင်ခဲ့ကြသည့် သက်ကြီးပင်စင်စားအား အခက်အခဲမရှိပင်စင်များကို ထုတ်ယူနိုင်ရေးအတွက် မြန်မာ့စီးပွားရေးဘဏ် ဘဏ်မန်နေဂျာ ဒေါ်နီနီအောင်၏ကြီးကြပ်မှုဖြင့် ဘဏ်ဝန်ထမ်းများက ပင်စင်များထုတ်ယူနိုင်ရန် သက်ကြီး အငြိမ်းစားဘိုးဘွားများအား အကူအညီများပေးလျက်ရှိပြီး စလင်းမြို့နယ်အတွင်း ပင်စင်စားဦးရေ (၂၄၁၁)ဦး၊ နိုင်ငံရေးပင်စင်စား (၂၂၅)ဦး၊ တပ်မတော်အငြိမ်းစားပင်စင်စား (၆၈၉)ဦးနှင့် မြို့ပြပင်စင်စား(၁၄၈၆)ဦးရှိကြောင်း သိရသည်။
ယနေ့နံနက်ပိုင်း ပင်စင်ထုတ်သူဦးရေ (၆၃၃)ဦးတို့အား နံနက် ၇ နာရီအချိန်မှ စတင်ကာ ထုတ်ပေးလျက်ရှိပြီး နေ့လည် ၂ နာရီအချိန်အထိ ထုတ်ပေးကြောင်း သိရသည်။ စလင်းမြို့နယ်အတွင်း ပင်းစင်စားဦးရေများပြားသည့်အတွက် အုပ်စုများခွဲ၍ ထုတ်ပေးရကြောင်းနှင့် ပင်စင်စားများအနေဖြင့် ဖေဖော်ဝါရီလ (၂၁)ရက်မှ ဖေဖော်ဝါရီလ(၂၈)ရက်နေ့အထိ အစိုးရရုံးဖွင့်ချိန်များတွင် ထုတ်ပေးမည်ဖြစ်ပြီး အကြောင်းအမျိုးမျိုးကြောင့် လာရောက်မထုတ်ယူနိုင်သည့် နိုင်ငံဝန်ထမ်းအငြိမ်းစား ပင်စင်စားသက်ကြီးဘိုးဘွားများ၏ လူမှုရေး၊ စီးပွားရေး၊ ကျန်းမားရေးနှင့်ကုသိုလ်ရေးတို့တွင် အသုံပြုနိုင်ကြစေရန် မြန်မာ့စီးပွားရေး ဘဏ်ဂန်ထမ်းများက ရပ်ကွက်နှင့်ကျေးရွာများအရောက် သွားရောက်ကာ အိမ်တိုင်ယာ ရောက်သွား၍ ယခင်လများမှလည်း ထုတ်ပေးကြောင်း၊ ရုံးသို့ လာရောက်မထုတ်ယူနိုင်သေး သူများကိုလည်း အစိုးရရုံးဖွင့်ရက်များတွင် ဆက်လက်ထုတ်ပေးသွားမည်ဖြစ်ကြောင်း မြန်မာ့စီးပွားရေးဘဏ်မန်နေဂျာ ဒေါ်နီနီအောင်ထံမှ သိရသည်။
မြို့နယ်ပြန်/ဆက်