မြဝတီ ဖေဖော်ဝါရီ ၂၁
ကရင်ပြည်နယ်၊ မြဝတီမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ နိုင်ငံ့ဝန်ထမ်း အငြိမ်းစားများ၏ ပင်စင်လစာငွေများကို လစဉ်ထုတ်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းမှစတင်၍ ထုတ်ပေးပြီဖြစ်ကြောင်း သိရသည်။
မြဝတီမြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်း သက်ကြီးပင်စင်စားများ၏ လစာငွေကို ကိုယ်တိုင်ထုတ်ယူ၍သော်လည်ကောင်း၊ ကိုယ်စားလှယ်လွှဲစာဖြစ်သော်လည်းကောင်း ထုတ် ယူနိုင်ရန် စီစဉ်ပေးထားပြီး နေရာအခက်အခဲမဖြစ်စေရန်နှင့် ကိုဗစ်-၁၉ ကာလအတွင်း လူစု၊ လူဝေး မဖြစ်ပေါ်စေရန် ကျန်းမာရေးဝန်ကြီးဌာန၏ စည်းကမ်းသတ်မှတ်ချက်များအညီ အချိန်တိုအတွင်း အဆင်ပြေချောမွေ့စွာ ထုတ်ယူနိုင်ရေးအတွက် မြန်မာ့စီးပွားရေးဘဏ်မှ တာဝန်ရှိသူများက စာရင်းဖြည့်သွင်းခြင်းများကို ကူညီဆောင်ရွက်ပေးသည်။
အဆိုပါ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာငွေများကို ယနေ့နံနက်ပိုင်းတွင် ပင်စင်စားဦးရေ ၅၇၂ ဦး လာရောက်ထုတ်ယူပြီးဖြစ်ကာ ကျန်ရှိသူများကိုလည်း သတ်မှတ်ရက်ဘဏ်ဖွင့်ချိန်အတွင်း နေ့စဉ်နံနက် ၉ နာရီမှ ညနေ၃ နာရီအထိ ဆက်လက်ထုတ်ပေးသွားမည်ဖြစ်ကြောင်း တာဝန်ရှိသူထံမှ သိရသည်။
ထိန်လင်းအောင်(ပြန်/ဆက်)