သတင်းများ

သိန္နီမြို့နယ် မိုင်းလီကျေးရွာ အထက(ခွဲ)ကျောင်း၌ လူငယ်ရေးရာအသိအညာပေး ဟောပြောပွဲကျင်းပ
Aug 08,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ်တွင် လူငယ်များ အသိပညာဗဟုသုတတိုးပွားရေး၊ ဘက်စုံထူးချွန်ရေး၊ စာရိတ္တများ ကောင်းမွန်၍ ယဉ်ကျေးလိမ္မာသော သားကောင်းရတနာများ ပေါ်ထွန်းလာရေးအတွက် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲပိုင်းအချိန်က သိန္နီမြို့နယ် မိုင်းလီကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲတွင် ဟောပြောခဲ့သည်။
တပ်ကုန်းမြို့၌ ရပ်ရွာအခြေပြု လူကုန်ကူးမှုစိစစ်ဖော်ထုတ်ရေး ရက်တိုသင်တန်းဖွင့်လှစ်
Aug 08,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် လူကုန်ကူးမှုဆိုင်ရာ အသိပညာများရရှိစေရန်၊ လူကုန်ကူးခံရသူဖြစ်ကြောင်း ကနဦးစိစစ်သတ်မှတ်နိုင်ရန်၊ လူကုန်ကူးမှုစိစစ်ဖော်ထုတ်သည့် မှတ်တမ်းအသုံးပြုတတ်စေရန် ရည်ရွယ်ဖွင့်လှစ်သည့် ရပ်ရွာအခြေပြု လူကုန်ကူးမှုစိစစ်ဖော်ထုတ်ရေး ရက်တိုသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပသည်။
မြင်းခြံမြို့တွင် တန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာလွှဲပြောင်းသင်တန်းဖွင့်ပွဲ ပြုလုပ်
Aug 08,2022
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့တွင် တန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာလွှဲပြောင်းသင်တန်းဖွင့်ပွဲကို ယနေ့နံနက် (၉) နာရီအချိန်က ခရိုင်အသေးစားစက်မှု လက်မှုလုပ်ငန်း ဦးစီးဌာနရုံးတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
အရညဝါသီ မိုင်းဖုန်းဆရာတော်ဘုရား မိုးနဲမြို့နယ်သို့ ကြရောက်အပူဇော်ခံတော်မူ ပြည်သူများ ကြက်ပျံမကျစည်ကားစွာ လာရောက်ဖူးမြှော်
Aug 08,2022
အရညဝါသီ အဂ္ဂမဟာကမ္မဌာနာစရိယ မိုင်းဘုန်းဆရာတော်ဘုရား ဘဒ္ဒန္တဉာဏသံဝရ နှင့်သံဃာတော် အရှင်သူမြတ်များ မိုးနဲမြို့နယ် နာဟောင်ရပ်ကွက်၊ နှစ်ကျိပ်ရှစ်ဆူ ဆုတောင်ပြည့်ဘုရား ကွင်ပြင်းစင်မြင့်နေရာ၌ ယမန်နေ့ညနေ ၄ နာရီခွဲအချိန်က ကြွရောက်အပူဇော်ခံ‌တော်မူခဲ့ကြောင်း သိရသည်။
ကော့ကရိတ်မြို့၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး (Talk Show) ဆောင်ရွက်
Aug 08,2022
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်၊ ခရိုင်ယာဉ်ထိန်းရဲတပ်ဖွဲ့စုတို့ ပူးပေါင်း၍ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိညာပေး (Talk Show) ဆွေးနွေးပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်က ခရိုင်ပြန်ဆက်ရုံး Community Centre  ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဟိုပန်မြို့နယ်၊ ကျေးရွာစာသင်ကျောင်းစုရပ်များ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm)ဆက်လက်ကွင်းဆင်းထိုးနှံပေး
Aug 08,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ "ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့နယ်တွင် အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအခြေပြု ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို သက်ဆိုင်ရာဆေးထိုးအဖွဲ့များက ရပ်ကွက်၊ ကျေးရွာ စာသင်ကျောင်းစုရပ်နေရာများ၌ လိုက်လံ၍ ကွင်းဆင်းထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်(၉)နာရီက ကျေးရွာ(၇)ရွာရှိ အခြေခံပညာကျောင်းများသို့ ဆက်လက်ကွင်းဆင်း ထိုးနှံပေးလျက်ရှိသည်။
စဉ့်ကူးမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Aug 08,2022
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ တွင် ယနေ့နံနက် ၁၀ နာရီခွဲက ကျင်းပပြုလုပ်ခဲ့သည်။
စဉ့်ကူးမြို့နယ် အခြေခံပညာမူလတန်းကျောင်း-ဟင်္သာဖို ၏ ကျောင်းဆောင်သစ် မြေနေရာအတွက် အလှူငွေပေးအပ်လှူဒါန်းပွဲကျင်းပ
Aug 08,2022
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်  အခြေခံပညာမူလတန်းကျောင်း- ဟင်္သာဖို ကျောင်းဆောင်သစ်ဆောက်လုပ်ရန် မြေနေရာဝယ် ယူရေးအတွက် ထက်ရည်လင်းရွှေသတ္တု တူးဖော်ရေး ကုမ္ပဏီမှ အလှူငွေ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို  စဉ့်ကူးမြို့နယ် ပညာရေးမှူးရုံး အစည်း အဝေးခန်းမတွင် ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။