ပိုင်ကျုံမြို့ အ.မ.က တနင်းသရောကျောင်း မြေနေရာအား ခြံစည်းရိုးကာရံခြင်း လုပ်ငန်း ဆောင်ရွက်
Aug 08,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ စည်ပင်သာယာရေးအဖွဲ့မှ အများပြည်သူများ သွားလာမှုလွယ်ကူစေရေး၊ ကုန်စည်စီးဆင်းမှုမြန်ဆန်စေရေး၊ မြို့သာယာလှပရေးနှင့် ဒေသနေပြည်သူများ၊ ဈေးရောင်းဈေးဝယ်မှုများအဆင်ပြေလွယ်ကူစေရေးနှင့် သွားလာမှုအဆင် ပြေစေရေးအတွက် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ် ပထမ(၃) လပတ်တွင်ကရင်ပြည်နယ်၊အစိုးရအဖွဲ့၏ ငွေလုံးငွေရင်း အသုံးစရိတ် ခွင့်ပြုရန်ပုံငွေကျပ်(၄၁.၅) သန်းဖြင့် ပိုင်ကျုံမြို့၊ အမှတ်(၃)ရပ်ကွက်၊ ဈေးမြေနေရာအား ခြံစည်း ရိုး ကာရံခြင်းလုပ်ငန်းကို ဇူလိုင်လ ၂၄ ရက်နေ့က စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။