ကျောက်တလုံးကြီး မတ် ၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့တွင် ပအိုဝ်းတိုင်းရင်းသားများ စုပေါင်းရှင်ပြုအလှူတော် မင်္ဂလာပွဲတော်ကို မတ်လ(၁)ရက်နေ့မှစ၍ စည်ကားသိပ်မြိုက်စွာပြုလုပ် ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ရှင်ပြုမင်္ဂလာပွဲတွင် ဗုဒ္ဓဘာသာဝင် ပအိုဝ်းတိုင်းရင်းသားများက မိမိတို့၏ ရင်သွေးငယ်မောင်ရင်လောင်းများကို ရိုးရာဓလေ့ထုံးတမ်းစဉ်လာများနှင့်အညီရှင်ပြုပေးပြီး သာသနာ့ဘောင်တို့ ရှင်သာမဏေအဖြစ် သွတ်သွင်းချီးမြှင့်ပေးသည့် စုပေါင်းရှင်ပြုအလှူတော်မင်္ဂလာပွဲတော်ဖြစ်ကြောင်း သိရသည်။
စုပေါင်းရှင်ပြုအလှူတော် မင်္ဂလာပွဲတော်ကို တပေါင်းလဆန်း(၁၁)ရက် (ဗုဒ္ဓဟူးနေ့)မှစတင် ကျင်းပလျက်ရှိပြီး ထိုရက်သည် ရှင်လောင်းတပည့်စုရက်ဖြစ်ကြောင်း (၁၂)(၁၃)ရက်နေ့သည် ရှင်လောင်းခေါ်ရက်ဖြစ်ကြောင်း (၁၄)ရက်နေ့သည် မဟာဝံသဗုဒ္ဓဂယာစေတီတော် ထီးတော်တင်ရက်ဖြစ်ပြီး(၁၅)ရက်နေ့သည် အလှူရေစက်ချတရားတော်နာရက်ဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။
အဆိုပါ စုပေါင်းရှင်ပြုအလှူတော်မင်္ဂလာပွဲတော်တွင် ကျောက်တလုံးကြီးမြို့ မြို့ပေါ်ရပ်ကွက်(၆)ရပ်ကွက်နှင့် ကျေးရွာအတွင်းရှိ ရှင်သာမဏေအပါး(၃၇၃)ပါးကို သာသနာ့ဘောင်တို့ သွတ်သွင်းချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
စည်သူ(ပြန်/ဆက်)