ဇေယျာသီရိမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် စာစစ်ဌာနများ ပြင်ဆင်ထားရှိမှုအခြေအနေများအား ကြည့်ရှုစစ်ဆေး

ဇေယျာသီရိ မတ် ၃

ဇေယျာသီရိမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ကျောင်းသား/သူများ အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် စာစစ်ဌာနများ ပြင်ဆင်ထားရှိမှုအခြေအနေများနှင့် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးအတွက် ဇေယျာသီရိမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။ 

ကွင်းဆင်းစစ်ဆေးရာတွင် ဇေယျာသီရိမြို့နယ်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမျိုးအောင်နှင့် တာဝန်ရှိသူများ၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးမြင့်အေး၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာဝေယံအောင်၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာမှူး ဦးဇော်မျိုးနိုင်၊ လက်ထောက်မီးသတ်ဦးစီးမှူး ဦးဝင်းမျိုးတင့်၊ သက်ဆိုင်ရာကျောင်းအုပ်ကြီးများပါဝင်သောအဖွဲ့သည် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် စာစစ်ဌာနလေးခုဖြစ်သည့် ပြည်စံအောင် အခြေခံပညာအထက်တန်းကျောင်း၊ ရေဆင်းအခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၁၆) အခြေခံပညာအထက်တန်းကျောင်းများ၌ စာမေးပွဲခန်းများပြင်ဆင်ထားရှိမှု၊ လုံခြုံရေးချထားဆောင်ရွက်မှု၊ မီးသတ်ဆေးဗူးများစီစဉ်ထားမှု၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်‌ရေးနည်းလမ်းများနှင့်စီစဉ်ထားမှု၊ အရေးပေါ်လူနာတင်ယာဉ်များ စီစဉ်ထားမှုအခြေနေများအား ကွင်းဆင်းစိစစ်ခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပါကြောင်း သိရသည်။

ထွန်းလင်း(ဇေယျာမြေ)