ရန်ကင်းမြို့နယ်တွင် မြန်မာအမျိုးသမီးများ ဘဝဖွံ့ဖြိုးတိုးတက်ရေး အသိပညာပေး Talk Show ကျင်းပ

ရန်ကင်း မတ် ၃

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် မြန်မာအမျိုသမီးများဘဝ အသိပညာပေး Talk Show ကို ယနေ့နံနက် ၁၀နာရီခွဲက စာရေးဆရာမ မေမြတ်စန္ဒာနှင့် ရန်ကင်းမြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အသိပညာပေး Talk Show ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကင်းမြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်အိရွှေစင်က မြန်မာအမျိုးသမီးများသည် အမျိုးသားများနှင့် ရင်ဘောင်တန်းကာ နယ်ပယ်အသီးသီးတွင် ပါဝင်ဆောင်ရွက်နိုင်ပြီဖြစ်ရာ မြန်မာအမျိုးသမီးဖြစ်ရသည်ကို ဂုဏ်ယူပါကြောင်း၊ မြန်မာအမျိုးသမီးများဘဝဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ နိုင်ငံတော် တိုးတက်ရေးအတွက် တာဝန်ယူမှု၊ တာဝန်ခံမှုဖြင့် ကျရာအခန်းကဏ္ဍမှ ကျေပွန်စွာ ထမ်းဆောင်သွားရမည်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့သည်။

သို့ဖြစ်ရာ စာရေးဆရာမ မေမြတ်စန္ဒာက မြန်မာအမျိုးသမီးတို့သည် မျိုးဆက်သစ်လူငယ်များစွာကို မွေးထုတ်ပေးလျက်ရှိသော မိခင်တာဝန်တစ်ခုတည်းသာမက စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ ယဉ်ကျေးမှုစသော နိုင်ငံတော်၏ လိုအပ်ချက်များကိုလည်း တစ်ဖက် တစ်လမ်းမှ ဖြည့်ဆည်းပေးရှိကြောင်းနှင့် မြန်မာအမျိုးသမီးများ၏ စွမ်းဆောင်ရည်မြှင့်တင်ပေးခြင်းသည် ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်အတွက် အားသစ်လောင်းခြင်းပင်ဖြစ်ပါကြောင်း အသိပညာ ပေးဆွေးနွေးခဲ့ သည်။

အဆိုပါဆွေးနွေးပွဲတွင် မြန်မာအမျိုးသမီးများ၏ စွမ်းဆောင်ရည်မြင့်မားလာမှုသည် ကမ္ဘာ့နိုင်ငံအသီးသီးရှိ နိုင်ငံတကာအမျိုးသမီးများနှင့် ရင်ဘောင်တန်းနိုင်ခဲ့သည်ကို အနာဂတ် လူငယ်မောင်မယ် လေးများ သိရှိနိုင်ကြစေရန် ရည်ရွယ်၍  ပြုလုပ်ခဲ့ကြောင်း  သတင်းရရှိသည်။

အိရွှေစင်(ပြန်/ ဆက်)