နွားထိုးကြီး မတ် ၃
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်၊ မီးသတ်ဦးစီးဌာနမှ မြေငလျင်လှုတ်ခတ်မှုများဖြစ် ပေါ်လာပါက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ လျင်မြန်စွာ တုံပြန်ဆောင်ရွက်နိုင်ရန်အတွက် မီးသတ်ဦးစီးဌာနမှ ဇာတ်တိုက်လေ့ကျင့်သရုပ်ပြပွဲကို ယမန်နေ့မွန်းတည့် (၁၂) နာရီက အခြေခံပညာအထက် တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မြေငလျင်ဘေးဆိုင်ရာ ဇာတ်တိုက်လေ့ကျင်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဦး အဖွင့်အမှာစကား ပြောကြားခဲ့ပြီးနောက် မီးသတ်တပ်ဖွဲ့ဝင်များက အထက်အမြင့်အဆောက်အဦအတွင်းမှ လူနာအားကယ်ထုတ်ခြင်း၊ ရှာဖွေကယ်ဆယ်ရေးပစ္စည်းဖြင့် လက်တွေ့သရုပ်ပြခြင်း၊ အထပ်မြင့်အဆောက်အဦမှ လူနာချခြင်းင်း၊ ကြိုးဆင်းခြင်း၊ မီးငြိမ်းရေးစွမ်းရည်များကို လက်တွေ့သရုပ်ပြခဲ့ကြသည်။
အဆိုပါ အခမ်းအနားသို့ မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်နိုင်ဦးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျောင်းသားကျောင်သူများ တက်ရောက်ခဲ့ကြောင်းသိ ရသည်၊
သန်းအောင်ဇော်