ဝမ်းတွင်း မတ် ၃
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်တွင် ၂၀၂၃-ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအား ကျောင်းသား/ကျောင်းသူ (၈၆၃)ဦးမှ ဝင်ရောက်ဖြေဆိုကြမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။
ဝမ်းတွင်းမြို့နယ်အနေဖြင့် ၂၀၂၃-ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအား စာစစ်ဌာနများဖြစ်သည့် အထက(ဝမ်းတွင်း)စာစစ်ဌာန၊ အထက(ဒိုင်ကောင်းကုန်း)စာစစ်ဌာန၊ အထက(ပင်းတလဲ) စာစစ်ဌာနစသည့် စာစစ်ဌာန(၃)ခုအားဖွင့်လှစ်ပြီး အတွဲ(၁)ဘာသာရပ်တွင် ကျောင်းသား၊ကျောင်းသူ(၅၇၇)ဦး၊ အတွဲ(၂)ဘာသာရပ်တွင် ကျောင်းသား၊ကျောင်းသူ(၁၅၂)ဦး၊ အတွဲ(၇) ဘာသာရပ်တွင် ကျောင်းသား၊ကျောင်းသူ(၁၃၄))ဦး၊ စုစုပေါင်း ကျောင်းသား/ကျောင်းသူ(၈၆၃) ဦးက ဝင်ရောက်ဖြေဆိုသွားမည်ဖြစ်ကြောင်းသိရသည်။
အဆိုပါ ၂၀၂၃-ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအား ကျောင်းသား/ကျောင်းသူများအနေဖြင့် ဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြင့်သိန်းဦးဆောင်၍ အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူ ဒေါ်သီတာနှင့် ဆရာ/ဆရာမများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများက လိုအပ်သည်များကိုဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
မြို့နယ်ပြန်/ဆက်