သတင်းများ

လှိုင်းဘွဲမြို့နယ် ကြာအင်းကျေးရွာတွင် ပြည်သာလင်းအေးစေတီတော်မြတ်ကြီး ရွှေထီးတော်တင် အလှူတော်မင်္ဂလာအထိမ်းအမှတ် အမျိုးသားဘောလုံးပြိုင်ပွဲနှင့်ရိုးရာလက်ဝှေ့ပြိုင်ပွဲကျင်းပ
Mar 03,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ကြာအင်းကျေးရွာတွင် တည်ထားကိုးကွယ်တော်မှုသော ပြည်သာလင်းအေးစေတီတော်မြတ်ကြီးနှင့် အရံစေတီတော်(၄၄)ဆူတို့အား ရွှေထီးတော်တင် အလှူတော်မင်္ဂလာအထိမ်းအမှတ် အမျိုးသားဘောလုံးပြိုင်ပွဲနှင့်မြန်မာ-ထိုင်း ရိုးရာလက်ဝှေ့ပြိုင်ပွဲကို ကျင်းပဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပိုင်ကျုံမြို့ အမှတ်(၁)ရပ်ကွက်၌ ကရင်ပြည်နယ်အစိုးရအဖွဲ့ နယ်စပ်ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့်  သံကူကွန်ကရစ်တံတားတည်ဆောက်ခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး
Mar 03,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့နယ်အတွင်းရှိ‌ ဒေသခံပြည်သူများသွားလာရေး ပိုမိုအဆင်ပြေလွယ်ကူစေရန်နှင့် ဒေသဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ အမှတ်(၁)ရပ်ကွက်နှင့် အမှတ်(၂)ရပ်ကွက် လမ်းမကြီးပေါ်တွင် သံကူကွန်ကရစ်တံတားတစ်စင်း တည်ဆောက်ပေးခဲ့သည်။
စုကလိမြို့တွင် မူးယစ်ဆေးဝါး အန္တရာယ်နှင့် လူငယ်များအကြောင်း အသိပညာပေး  Talk Show ပြုလုပ်
Mar 03,2023
ယနေ့လူငယ်များအနေဖြင့် မူးယစ်ဆေးဝါး အန္တရာယ်၏ ဆိုးကျိုးများနှင့် လူငယ်များအနေဖြင့် ရှောင်ရှားသတိပြုနိုင်စေရန် ရည်ရွယ်ချက်များဖြင့် အသိပညာပေး Talk Show အား ယနေ့ နံနက်ပိုင်းအချိန်က စုကလိမြို့လူထုအခြေပြုဗဟိုဌာန(Community Centre) တွင် ကျင်းပပြုလုပ်ခဲ့သည်။
အမရပူရမြို့နယ်၌ နွေစပါးစိုက်ပျိုးရေရရှိရေး လျှပ်စစ်မြစ်ရေတင်စက်များဖြင့် မတ်လ ၆ ရက်နေ့တွင် စတင်ရေလွှတ်ပေးသွားမည်
Mar 03,2023
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲ​ရေးဦးစီးဌာန (ရေအရင်းအမြစ်) ကနွေစပါးနှင့် အခြားသီးနှံများစိုက်ပျိုးနိုင်ရေးအတွက် လျှပ်စစ် မြစ်ရေတင်စက်များဖြင့် လာမည့် မတ်လ ၆ ရက်နေ့တွင် ရေများ စတင်ပေးဝေသွား မည်ဖြစ်ကြောင်း သိရသည်။
ဒေးဒရဲမြို့နယ်၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ပြည်သူများနှင့် တွေ့ဆုံဆွေးနွေး
Mar 03,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်စေရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးရည်ရွယ်၍ မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါဝင်သော အုပ်ချုပ်​ရေး၊ နိုင်ငံရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုရေး၊ စည်းရုံးရေးစသည့် စစ်ကြောင်းကြီး ငါးကြောင်းအသွင်ဖြင့် ကျေးရွာအတွင်းရှိ ရပ်မိရပ်ဖများ၊ ပြည်သူများ တွေ့ဆုံပွဲကို ယမန်နေ့ နံနက် (၁၁)နာရီခွဲက ​တော်​ကျိုက်ကျေးရွာ၊ ရွာလယ်ဘုန်းတော်ကြီးကျောင်းတိုက်တွင် ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
၂၀၂၃ခုနှစ် တက္ကသိုလ်စာမေးပွဲကို ဓနုဖြူမြို့နယ်မှ ကျောင်းသား/ကျောင်းသူ (၅၆၁)ဦး ဝင်ရောက်ဖြေဆိုမည်
Mar 03,2023
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ၂၀၂၃ခုနှစ်၊ မတ်လ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် တက္ကသိုလ်ဝင်တန်း စာမေးပွဲသို့ ဝင်ရောက်ဖြေဆိုမည့် အထက်တန်းကျောင်း (၁၁) ကျောင်း၊ အထက်တန်းကျောင်း(ခွဲ) (၉)ကျောင်းတို့မှ ကျောင်းတွင်းဖြေ (၂၆၁)ဦး၊ ပြင်ပဖြေ (၃၀၀)ဦး၊ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၅၆၁)ဦး ဝင်ရောက်ဖြေဆိုမည် ဖြစ်ကြောင်းသိရသည်။
ကုန်စည်စီးဆင်းမှု လျင်မြန်စေရေး ကျောက်ဆည်-ဖျောက်ဆိပ်-ရဲရွာလမ်းတွင် သံကူကွန်ကရစ်တံတား (၃) စင်း ဆောက်လုပ်ပေး
Mar 03,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ကုန်စည်စီးဆင်းမှု လျင်မြန်စေရေး၊ မြိုပြနှင့် ကျေးလက်ကွာဟမှုမရှိစေရေး ပြည်သူလူထုတစ်ရပ်လုံး၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက် မြင့်မားလာစေရန် အတွက် ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ကျောက်ဆည်-ဖျောက်ဆိပ်ပင်-ရဲရွာလမ်းတွင် သံကူကွန်ကရစ် (၃)စင်း ဆောက်လုပ်ပေးလျက် ရှိကြောင်း သိရှိရသည်။
သရက်ချောင်းမြို့နယ်၌ ၂၀၂၂–၂၀၂၃ ပညာသင်နှစ်၊ တက္ကသိုလ်စာမေးပွဲဖြေဆိုရန် မီးဘေး အန္တရာယ်ကြိုတင်ပြင်ဆင်ထားရှိမှုများ ကွင်းဆင်းဆောင်ရွက်
Mar 03,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၌ ၂၀၂၂–၂၀၂၃ ပညာသင်နှစ်အတွက် တက္ကသိုလ်စာမေးပွဲဖြေဆိုရန် (အ.ထ.က) သရက်ချောင်းကျောင်း စာစစ်ဌာနနှင့် အနီးစပ်ရာစျေးဆိုင်၊ နေအိမ်များတွင် မီးဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ထားရှိမှုများကို ယနေ့ နံနက်ပိုင်းက သရက်ချောင်းမြို့နယ်၊ မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များက ကွင်းဆင်း စစ်ဆေးခဲ့သည်။