ငါးသိုင်းချောင်းမြို့၌ မြန်မာနိုင်ငံကြက်ခြေနီအသင်းအသိပညာပေးဟောပြောပွဲဆောင်ရွက်

ငါးသိုင်းချောင်း မတ် ၄

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ် ကြက်ခြေနီအသင်းခွဲနှင့် ငါးသိုင်းချောင်းမြို့၊ သရက်ချောင်းကျေးရွာအုပ်ချုပ်ရေးမှူးအဖွဲ့တို့ပူးပေါင်း၍ ငါးသိုင်းချောင်းမြို့၊ သရက်ချောင်းအုပ်စု‌ သောင်စုကျေးရွာအတွင်းရှိ သာသနာမေဒီနီကျောင်းတွင် ယမန်နေ့နံနက် (၈)နာရီအချိန်က မြန်မာနိုင်ငံကြက်‌‌ခြေနီအသင်း အသိပညာပေးဟောပြောပွဲအခမ်းအနားကို ကျင်းပခဲ့ကြကြောင့် သိရပါသည်။

အခမ်းအနား၌ ကြက်ခြေနီအသင်းခွဲ(ငယ်)ဥက္ကဋ္ဌ ဦး‌မောင်မောင်အေးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့ကြက်ခြေနီအသင်းခွဲ(ငယ်)အဖွဲ့ဝင် ဦးအောင်စိုးမြင့်က သဘာဝဘေးအန္တရာယ်ကာကွယ်‌‌ရေးလုပ်ငန်းများကိုလည်းကောင်း၊ ရေကြည်မြို့နယ်ကြက်ခြေနီ အသင်းခွဲ ဒု-မြို့နယ် တပ်ဖွဲ့မှူးဦးခင်မောင်သန်းက ကြက်ခြေနီအကြောင်းသိကောင်းစရာများကိုလည်း အသီးသီး ဟောပြောခဲ့ကြပါသည်။

ဆက်လက်၍ ကြက်ခြေနီတပ်ဖွဲ့ဝင်များက ရှေဦးပြုစုခြင်းသရုပ်ပြခြင်းနှင် PPE ဝတ်စုံ ဝတ်ဆင်ခြင်းသရုပ်ပြခြင်းတို့ကိုလည်းကောင်း၊ မြို့ကြက်ခြေနီအသင်းခွဲ(ငယ်)မှ PPEဝတ်စုံနှင့် Maskများကို သရက်ချောင်းကျေးရွာအုပ်ချုပ်ရေးမှူးထံသို့ ပေးအပ်ခြင်းတို့ကိုလည်းကောင်း ဆောင်ရွက်ခဲ့ကြပါသည်။

ထို့နောက် မြို့ကြက်ခြေနီအသင်းခွဲ(ငယ်)အမှုဆောင်များနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များက အသက်(၈၅)နှစ်အထက် ဘိုးဘွား(၁၂)ဦးအား ဆေးဝါးပစ္စည်းအားဆေးကဒ်များ၊ စားသောက် ဖွယ်ရာကြက်ဥများ၊ Mask ထုပ်များနှင့် ငွေတစ်သောင်းကျပ်စီလျှူဒါန်းခဲ့ကြပြီး အဆိုပါအခမ်း အနားသို့ ကျေးရွာအရံမီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်မိ/ရပ်ဖများ၊ လူငယ်/လူရွယ်များ၊ မြို့ကြက်ခြေနီ အသင်းခွဲ(ငယ်)အမှုဆောင်များနှင့် ကြက်ခြေနီတပ်ဖွဲဝင်များ စုစုပေါင်းအင်အား (၁၅၀)ဦးတက် ရောက်ခဲ့ကြကြောင်း သိရသည်။

ငါးသိုင်းချောင်း(ပြန်/ဆက်)