လှည်းကူးမြို့နယ်၌ ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲသို့ စာစစ်ဌာန(၇)ခုတို့တွင် ကျောင်းသား၊ ကျောင်းသူ(၁၁၀၅)ဦး ဝင်ရောက်ဖြေဆိုမည်

လှည်းကူး မတ် ၇  

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၌ မတ်လ(၈)ရက်နေ့မှ (၁၈)ရက်နေ့အထိ ကျင်းပပြုလုပ်မည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို စာစစ်ဌာန(၇)ခုတို့တွင် ကျောင်းသား၊ ကျောင်းသူ(၁၁၀၅)ဦးတို့က ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

လှည်းကူးမြို့နယ်တွင် စာစစ်ဌာန(၇)ခုဖြစ်သော အ.ထ.က(လှည်းကူး)၊ အ.ထ.က(ဖောင်ကြီး)၊ အ.ထ.က(မင်းကုန်း)၊ အ.ထ.က(ငါးဆူတောင်)၊ အ.ထ.က(ဒါးပိန်)၊ အ.ထ.က(အင်းတိုင်)၊ အ.ထ.က(ရဲမွန်)ကျောင်းတို့ဖြစ်ပြီး ဘာသာတွဲ(၄)ခုတို့ဖြင့် ကျောင်းသား၊ ကျောင်းသူများက ဝင်ရောက်ဖြေဆိုမည်ဖြစ်သည်။

စာစစ်ဌာန(၇)ခုတို့တွင် ကျောင်းတွင်းဖြေဆိုမည့် ကျောင်းသား(၅)ဦး၊ ကျောင်းသူ(၄)ဦးနှင့် ကျောင်းပြင်ပဖြေဆိုမည့် ကျောင်းသား (၄၈၄)ဦး၊ ကျောင်းသူ(၆၁၂)ဦး ကျောင်းတွင်း/ ကျောင်းပြင်ပ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၁၁၀၅)ဦးတို့က ဝင်ရောက်ဖြေဆိုမည် ဖြစ်ကြောင်း လှည်းကူးမြို့နယ်ပညာရေးမှူးရုံးက သိရှိရသည်။

အေးအေးနွဲ့(ပြန်/ဆက်)