မာန်အောင်မြို့နယ်၌ နွေရာသီအခြေခံအင်္ဂလိပ်စကားပြောသင်တန်း ဖွင့်လှစ်

မာန်အောင် မတ်၇

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ (Community Centre) ခန်းမ၌ Plus Change Maker (ကျွန်းရွာ) တာဝန်ခံဆရာ ဦးအောင်မြင့်သူမှ ဦးဆောင်ပြီး နွေရာသီအခြေခံအင်္ဂလိပ်စကားပြောသင်တန်းကို ယနေ့နေ့လယ် ၁၂ နာရီက စတင်ဖွင့်လှစ်ပို့ချလျက်ရှိသည်။

အဆိုပါသင်တန်းတွင် Grade-5 နှင့် အထက်ကျောင်းသား/သူများအား နွေရာသီကျောင်းအားလပ်ရက်များတွင် အခြေခံအင်္ဂလိပ်စကားပြောများကို တတ်မြောက်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ သင်တန်းသား၊ သင်တန်းသူ ၁၀ ဦးအား သင်တန်းနည်းပြဆရာမနှစ်ဦးက ယခုလ ၇ ရက်နေ့မှ မေလ ၇ ရက်နေ့ထိ နေ့စဉ်နေ့လယ် ၁၂ နာရီမှညနေ ၃ နာရီခွဲထိ သင်ကြားပြသပေးသွားမည်ဖြစ်ကြောင်း သင်တန်းတာဝန်ခံဆရာ ဦးအောင်မြင့်သူထံမှ သိရသည်။

သိန်းဖေ(ပြန်/ဆက်)