ပဲခူး မတ် ၈
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ် အ.ထ.က(၁) စာစစ်ဌာန၌ ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ မြန်မာစာဘာသာရပ်ကို ယနေ့နံနက် ၉ နာရီတွင် ကျောင်းသား/ ကျောင်းသူ(၁၁၉၅)ဦး အေးချမ်းစွာဖြေဆိုလျက်ရှိပြီး ဖြေဆိုမှု ရာခိုင်နှုန်း ၈၉ ဒသမ ၁၈ ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုရာ၌ ကျောင်းသား/ကျောင်းသူများ ဘေးကင်းလုံခြုံစေရန်နှင့် စိတ်ချမ်းမြေ့စွာ ဖြေဆိုနိုင်ရေးအတွက် ပဲခူးခရိုင်/ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးကြပ်၍ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည်များ ပူးပေါင်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သက်ဖြိုးကြိုင် (ပြန်/ဆက်)