ရန်ကုန် မတ် ၈
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများနှင့်ဝန်ထမ်းများ စာပေမှရရှိသည့် ဗဟုသုတများစွာရရှိစေရန်နှင့် စာပေကို လက်ဝယ်အရောက် ဖတ်ရှုနိုင်စေရန် ရည်ရွယ်၍ ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် စာအုပ်များ ငှားရမ်းပေးခြင်းကို ယနေ့ နံနက် (၁၀)နာရီအချိန်က အင်းစိန်မြို့နယ်၊ ငါးလုပ်ငန်းဦးစီးဌာနရုံးသို့ သွားရောက်ငှားရမ်းပေးသည်။
စာအုပ်များငှားရမ်းပေးရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင် (အင်းစိန်)ရုံးရှိ ဝန်ထမ်းများက ဗဟုသုတရရှိစေမည့် သုတ၊ ရသ စသည့်စာအုပ်များ ငှားရမ်းပေးပြီး ယခင်ငှားရမ်းထားသည့် စာအုပ်များအား ပြန်လည်သိမ်းဆည်း စာရင်းသွင်းခြင်းနှင့် စာအုပ်များအသစ်ပြန်လည် ငှားရမ်းပေးသည်။
အင်းစိန်မြို့နယ်အတွင်းရှိ ရပ်ကွက်များနှင့် ဌာနဆိုင်ရာရုံးများသို့ အလှည့်ကျစနစ် ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် သွားရောက်ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)