သတင်းများ

ကျောက်မဲမြို့တွင် စူဠဘွဲ့နှင်းသဘင်နှင့်စာအောင်ဆု ဆက်ကပ်ပွဲကျင်းပ
Apr 03,2023
၂၀၂၂ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲတွင် အောင်မြင်ခဲ့သည့် ကျောက်မဲမြို့နယ်မှ စာအောင်သံဃာတော်များနှင့် လူပုဂ္ဂိုလ်တို့အား စာအောင်ဆုနှင့်အောင်လက်မှတ်များ၊ လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခြင်းအခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲအချိန်က ကျောက်မဲမြို့ မြို့ကျက်သရေဆောင်ခန်းမ၌ ပြုလုပ်ခဲ့သည်။
ဖြူးမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် မူလတန်းအရွယ် ကျောင်းသား၊ ကျောင်းသူများအား ပုံတူပန်းချီပြိုင်ပွဲပြုလုပ်ပေး
Apr 03,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် အနာဂတ်၏ မျိုးဆက်သစ်များဖြစ်သည့် ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်ဉာဏ်သွေးနှင့် အခြေခံပန်းချီရေးဆွဲရာတွင် အထောက် အကူဖြစ်စေရန်အတွက် ရည်ရွယ်၍ မူလတန်းအရွယ် ကျောင်းသား၊ ကျောင်းသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ယနေ့နံနက်(၁၀)နာရီအချိန်က ပုံတူပန်းချီပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
နမ္မတူမြို့နယ် ဆိုက်ခေါင်ကျေးရွာအုပ်စုအတွင်း၌ တည်ထားကိုးကွယ်လျက်ရှိသော ရန်အောင်မြင်စေတီတော်မြတ်ကြီး၏ ဒဿမအကြိမ်မြောက် ဗုဒ္ဓပူဇနိယသံဃာဒါန ဆွမ်းလောင်းလှူပွဲကျင်းပ
Apr 03,2023
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ ဆိုက်ခေါင်ကျေးရွာ အုပ်စုအတွင်း၌ တည်ထားကိုးကွယ်လျက်ရှိသော ရန်အောင်မြင်စေတီတော်မြတ်ကြီး၏ ဒဿမအကြိမ်မြောက် ဗုဒ္ဓပူဇနိယ သံဃာဒါန ဆွမ်းလောင်းလှူပွဲကို ယမန်နေ့နံနက် (၉)နာရီ ခွဲအချိန်က အဆိုပါစေတီ တော်မြတ်ကြီးရင်ပြင်ပေါ်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဖြူးမြို့နယ်၊ ကျားသောင်ကျေးရွာအုပ်စု၊ တောင်တောကျေးရွာတွင် လျှပ်စစ်မီးရရှိရေး ဆောင်ရွက်ပြီးစီး
Apr 03,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်အတွင်း ကျေးရွာပေါင်း(၃၀၀)ကျော်တွင် ကျေးရွာ (၁၅၀)ကျော်သာ လျှပ်စစ်မီးရရှိပြီး လျှပ်စစ်မီးရရှိပါက အသေးစားလုပ်ငန်းများ ပိုမိုတွင်ကျယ်စွာ လုပ်ကိုင်နိုင်ရေး မြို့နယ်လျှပ်စစ်ဌာနနှင့် ကျေးရွာပူးပေါင်း၍ ဖြူးမြို့နယ်၊ ကျားသောင်ကျေးရွာ အုပ်စု၊ တောင်တောကျေးရွာတွင် NEP Phase-II အစီအစဉ်ဖြင့် လျှပ်စစ်မီးရရှိရေးအတွက် ဆောင်ရွက်ခဲ့ရာ ဧပြီလ(၃)ရက်နေ့က စတင်လျှပ်စစ်မီးရရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနက ဖွင့်လှစ်သည့် နွေရာသီ အားကစားသင်တန်း (၁၂) မျိုးတွင် သင်တန်းသား၊ သင်တန်းသူ (၂၃၀) ဦးတက်ရောက်ခဲ့
Apr 03,2023
စစ်ကိုင်းတိုင်းဒေသကြီးဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်ကြီးကြပ်မှုနှင့်အတူ တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနက ဖွင့်လှစ်သည့် ၂၀၂၃ ခုနှစ် နွေရာသီအားကစားသင်တန်း (၁၂) မျိုးတွင် သင်တန်းသား၊ သင်တန်းသူ (၂၃၀) ဦးတက်ရောက်ခဲ့ကြောင်းသိရှိရပြီး အဆိုပါသင်တန်းဆင်းပွဲကို ဧပြီလ ၃ က်နေ့ နံနက်ပိုင်းက မုံရွာမြို့ပြည်သူ့အားကစားကွင်းရှိ မိုးလုံ လေလုံခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရှိရသည်။
ဥတ္တရသီရိမြို့နယ်တွင် မြန်မာနိုင်ငံ အမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း(MWCDF)က ကြီးမှူးကျင်းပသည့် ကျောင်းအခြေပြုနွေရာသီ ယဉ်ကျေးလိမ္မာသင်တန်း အမှတ်စဉ်(၁)ဖွင့်ပွဲ အခမ်းအနားကျင်းပ
Apr 03,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ် မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း(MWCDF)က ကြီးမှူးကျင်းပသည့် ကျောင်းအခြေပြုနွေရာသီယဉ်ကျေးလိမ္မာသင်တန်း အမှတ်စဉ်(၁) ဖွင့်ပွဲအခမ်းအနားကို အမှတ်(၁၂) အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမ၌ ယနေ့နံနက် ၈ နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ကျောက်ကြီးမြို့နယ်အတွင်းရှိ (၂၅)ကြိမ်မြောက် အစိုးရပါဠိပထမပြန်စာမေးပွဲဖြေဆို သံဃာများအား အချိုရည်အအေးဘူးများ ဆက်ကပ်လှူဒါန်း
Apr 03,2023
ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ်အတွင်းရှိ (၂၅)ကြိမ်မြောက် အစိုးရ ပါဠိပထမပြန် စာမေးပွဲဖြေဆိုသံဃာများအား ယနေ့နေ့လယ် ၁၂ နာရီတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဆောင်စီမံမှုဖြင့်  Royal -D အချိုရည်အအေးဘူးများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
မြို့သစ်မြို့ သုခသမ္ပဒါလေသာကျောင်းတိုက်အတွင်းရှိ စေတီတော်များအား ရွှေထီးတော်တင်လှူခြင်းနှင့် ဗုဒ္ဓဘိသေကအနေကဇာတင်ပွဲ ကျင်းပ
Apr 03,2023
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့၊ မင်းရပ်ကွက်၊ သုခသမ္ပဒါလေသာကျောင်းတိုက်၌ လွန်ခဲ့သော ရှေးနှစ်ပေါင်းတစ်ရာကျော်ကတည် ထားကိုးကွယ်ခဲ့သော "မဂ္ဂင်စေတီတော်၊ လေးဆူရံစေတီတော်၊ အောင်ချမ်းသာစေတီတော်၊ ရန်ကြီးအောင်စေတီတော်၊ သိမ်တော်ဦးစေတီတော်တို့သည် ယိုယွင်းပျက်စီးခဲ့ရာပြီးခဲ့သော အနှစ်(၂၀)ခန့်က အမှတ်(၁) စက်မှုဝန်ကြီးဌာန ဝန်ကြီး ဦးအောင်သောင်းနှင့် ဇနီးဒေါ်ခင်ခင်ရီမိသားစု၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းမိသားစုတို့က ပြုပြင်ခဲ့ပြီး ယခုအခါရွှေထီးတော်များသည် အရောင်အဆင်းမရှိမှေးမှိန်နေသည့် အတွက်ကျောင်းတိုက်၏ ပဓာနနာယကမြို့သစ်မြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဘဒ္ဒန္တပညာဇောတအား ဦးထိပ်ထား၍ မြို့သစ်မြို့နယ်၊ က.ပ.စ(၁၇)စက်ရုံမှူး၊ ဗိုလ်မှူးကြီးသိန်းလွင်၊ ဒုတိယဗိုလ်မှူးကြီးညီညီသွင်၊ ဒုတိယဗိုလ်မှူးကြီး ထင်ကျော်တို့နှင့်အတူ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁)ဗိုလ်မှူး သီဟအောင်မှ ကြီးမှူးကာ အများပြည်သူအလှူရှင်တို့၏ လှူဒါန်းမှုဖြင့် စေတီတော်(၆)ဆူနှင့် အရံစေတီတော်(၄)ဆူတို့အား ငှက်မြတ်နားတော်၊ စိန်ဖူးတော်တင်လှူပူဇော်ခြင်းနှင့် ဗုဒ္ဓဘိသေကအနေကဇာတင်လှူပူဇော်ခြင်းကို ယနေ့နံနက်(၇)နာရီက မြို့သစ်မြို့၊ မင်းရပ်ကွက်သုခသမ္ပဒါလေသာကျောင်းတိုက်တွင် ကျင်းပသည်။